Part14(Zaw+Uni)

186 23 16
                                    

"မတ်ချူး ဒီဘက်ကိုပေး"

နေ့ခင်းဘက် အတန်းမရှိတော့တာမို့ basketball clubက ကျောင်းသားများ အပျော်တမ်းကစားနေကြသည်။ အပျော်တမ်းကစားတယ်ဆိုပေမယ့် မတ်သရူးတို့basketballကစားတိုင်း ကျောင်းသူလေးတွေက ပွဲကြည့်စင်ကနေ အမြဲအားပေးဖြစ်သည်။ မီရှဲလ်ကလည်း မတ်သရူးနှင့်တစ်ခန်းထဲဖြစ်ပြီး အတန်းမရှိတာမို့ ထိုင်ကြည့်ဖြစ်နေသည်။

"ဝါး...ငါတို့ အကိုမတ်ချူး အရမ်းကြည့်ကောင်းနေတာမဟုတ်ဘူးလား"

"ဟုတ်ပါ့ ဒီလိုနတ်သားလေးနဲ့သူငယ်ချင်းဖြစ်ခွင့်ရနေတဲ့ မမက အရမ်းကံကောင်းတာပဲ"

ဘေးတွင်ထိုင်နေသည့် ပထမနှစ်ကျောင်းသူလေးတွေရဲ့ စကားကိုကြားတော့ မီရှဲလ်ကရယ်သည်။

"အမ အတန်းမရှိဘူးလား"

ထိုအချိန် ရစ်ခီရောက်လာပြီး မီရှဲလ်ဘေးတွင်ဝင်ထိုင်သည်။ လက်ထဲတွင်လည်း အအေးဘူးတစ်ဘူးကိုင်ထားသည်။

"ဟုတ်တယ် အတန်းမရှိလို့ပျင်းနေတာနဲ့ လာကြည့်နေတာ သူတို့ကလည်းလိုက်ပို့ပေးပါဆိုလို့လေ"

ဘေးတွင်ထိုင်နေသည့် ကျောင်းသူများကို မေးငေါ့ပြပြီး မီရှဲလ်ကဖြေသည်။ ထိုကျောင်းသူများက ရစ်ခီကိုနှုတ်ဆက်တော့ ရစ်ခီကလည်း ရယ်ပြ၍ပြန်လည်နှုတ်ဆက်သည်။

"ရစ်ခီရှန်ရော အတန်းမရှိဘူးလား"

မီရှဲလ်ကမေးလိုက်သည်။

"ရှိတယ် ဒါပေမဲ့နာရီဝက်လောက်လိုသေးလို့ မတ်သရူးဆီလာကြည့်တာ"

ရစ်ခီ၏အဖြေကို မီရှဲလ်ကခေါင်း ငြှိမ့်ပြပြီး ကစားပွဲကိုသာ ဆက်ကြည့်နေသည်။

"ဘုတ်!"

မတ်သရူးတို့ဆော့နေသည့် ဘောလုံးက အရှိုန်လွန်ပြီး ခပ်လှမ်းလှမ်းတွင် ဘောလုံးကန်နေသည့် ဝီလျံတို့အဖွဲ့မှ တစ်ယောက်အား သွားမှန်သည်။

"အကို အဲ့ဒါဝီလျံတို့ထင်တယ် ဘယ်လိုလုပ်ကြမလဲ"

ဘောလုံးပစ်လိုက်သည့် ကောင်လေးက မတ်သရူးအနားကပ်လာပြီး ငိုတော့မဲ့အသံဖြင့် ပြောသည်။

"ဘာဖြစ်လဲကွာ မတော်တဆဖြစ်တာပဲ သူတို့ကိုဘာမှကြောက်စရာမလိုဘူး"

I don't like u But I wanna be your loverWhere stories live. Discover now