Part9(Zaw+Uni)

199 37 6
                                    

Primrose University ရဲ့ Fresher Welcome ကျင်းပသည့်နေ့ဖြစ်သည်။ ကျောင်းဂိတ်ဝမှစ၍ ကျောင်းဝန်းထဲအထိ လျှောက်လမ်းတလျှောက်တွင် မေဂျာများနှင့်clubအသီးသီးမှ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ပိုစတာများဖြင့်ချိတ်ဆွဲထားသည်။ ပြိုင်ဖက်ကျောင်း၏ basketball Team ပါမည်ဖြစ်ရာ ထိုကျောင်းမှကျောင်းသား/သူများလည်း သူတို့အသင်းကိုအားပေးရန်အတွက် တက်ရောက်ကြသည်။

ကိုးနာရီမှစမည်ဖြစ်‌ေသာ်လည်း မနက်အစောကြီးကတည်းက လူစည်နေပြီဖြစ်သည်။ ပြဇာတ်ကမည့်သူများလည်း မိတ်ကပ်လိမ်းခြယ်နေပြီး ရစ်ခီလည်းစာရွက်အထပ်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ ၉နာရီခွဲမှ basketball ပွဲစဉ် စမည်ဖြစ်၍ အခြားကျောင်းသားများနှင့် မိမိကျောင်းကကျောင်းသားများ ဈေးဆိုင်တန်းများကို ‌လည်ပတ်နေကြသည်။ သူငယ်ချင်းအုပ်စုများကအမှတ်တရဓာတ်ပုံများ ရိုက်ကာအမြည်းကျွေးသည့်မုန့်များကိုမြည်းစမ်းနေပြီး ချစ်သူရည်းစားများကလည်း နေရာအနှံ့ပင်ဖြစ်သည်။

"ဒီပွဲက အပျော်သဘောဖိတ်ခေါ်ကစားတယ်ဆိုပေမယ့် ငါတို့ကိုအမြဲနိုင်လာတဲ့ ပြိုင်းဖက်အသင်းကိုပြန်ချေပဖို့ အခွင့်ကောင်းပဲ ကဲ!! အစဉ်အလာကိုချိုးဖျက်လိုက်ကြရအောင်"

နည်းပြ၏အားပေးစကားသံကြောင့် ကစားသမားများ၏စိတ်ဓာတ်တွေတက်ကြွနေပြီဖြစ်သည်။ အဝတ်လဲခန်းထဲတွင် အသင်းဝတ်စုံလဲနေကြပြီဖြစ်သည်။ မကြာခင်အားကစားကွင်းထဲဝင်ရတော့မည်ဖြစ်သည်။ မတ်သရူးအားကစားဖိနပ်ကို ကြိုးချည်ပြီး ထလိုက်ချိန်တွင် ခေါင်းထဲမိုက်ကနဲဖြစ်သွားပြီး လူပါအနည်းငယ်ယိုင်သွားသည်။

"မတ်သရူး ရရဲ့လား"

ဘေးတွင်ထိုင်နေသော အသင်းဖော်ကပြောသည်။

"ရတယ် ဘာမှမဖြစ်ဘူး နည်းနည်းမူးသွားရုံပဲ"

မတ်သရူးကပြောလိုက်သည်။

"အဆင်ပြေပါ့မလား ပွဲစတော့မယ်"

အသင်းဖော်ကပြန်ပြောသည်။

"ရတယ် ကျွန်တော်စိတ်နည်းနည်းလှုပ်ရှားနေလို့ပါ ကျေးဇူးပါအကို"

မတ်သရူးကသူ့အားစိတ်မပူစေရန်ပြန်ပြောသည်။ ဒီပွဲကိုမတ်သရူးနိုင်မှဖြစ်သည်။

I don't like u But I wanna be your loverWhere stories live. Discover now