Final Part(Zaw+Uni)

224 33 6
                                    

နှစ်တစ်နှစ်ရဲ့အစဖြစ်သလို Primrose University တွင် Fresher များစတင်တက်ရောက်မည့် နှစ်လဲဖြစ်သည်။

"ငါတို့ အခန်းကစီနီယာက တော်တော်ကြမ်းတယ်ပြောတယ်"

"စိတ်ညစ်ပါတယ် ကျောင်းစတက်မဲ့နှစ်မှာမှ ဒီလိုစီနီယာနဲ့ တစ်ခန်းတည်းကျရတယ်လို့"

"ပြောရင်းနဲ့တောင်ကျောချမ်းလာပြီ ကြောက်လိုက်တာ"

အိတ်တစ်ယောက်တစ်လုံး လက်ကဆွဲလို့ ကျောင်းဝန်းထဲသို့ ဝင်လာသည့် ကောင်လေးနှစ်ယောက်မှာ တစ်ယောက်တစ်ပေါက်နှင့် ပြောနေကြသည်။ သူတို့နဲ့နေမဲ့ အခန်းဖော်စီနီယာက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုသည့် ကောလဟာလများကိုကြားပြီး ကျောချမ်းနေကြသည်။

"ဟေ့ မင်းတို့တွေ!"

အဆောင်ဘက်သို့ လျှောက်လာရင်း အနောက်‌ကနေ လှမ်းခေါ်သံကြားလိုက်ရတာမို့ ပုခုံးပင်တွန့်သွားရသည်။

"မင်းတို့က 0005မှာနေမဲ့ အသစ်တွေလား"

"ဟုတ် ဟုတ်ပါတယ်"

ကောင်လေးနှစ်ယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေသည်။

"ငါကအဲ့အခန်းက စီနီယာပဲ"
"ငါ့နာမည်မှတ်ထား ရစ်ခီရှန်"

"ဟုတ်ကဲ့ပါဗျ"

"လိုက်ခဲ့ ငါလိုက်ပို့ပေးမယ်"

ကောင်လေးနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရစ်ခီ့အနောက်ကနေ လိုက်သွားသည်။

"ဒါမင်းတို့နေရမဲ့ အခန်းပဲ"

ရစ်ခီက အခန်းထဲအထိ လိုက်ပို့သည်။

"ငါကတော့ ဟိုအပေါ်ထပ်ကုတင်မှာအိပ်တယ်"

ပြောစကားတောင်မဆုံးသေး ထိုအထဲမှကောင်လေးတစ်ယောက်က ရစ်ခီကုတင်ရဲ့ အောက်ထပ်ကကုတင်ပေါ် ခြေလှမ်းနေတာမို့ အင်္ကျီဂုတ်ကနေ အမြန်လှမ်းဆွဲလိုက်ရသည်။

"ဘာလုပ်တာလဲ!"

"ဗျာ လှဲမလို့လေ"

"အဲ့ကုတင်မှာမလှဲနဲ့ မင်းတို့နှစ်ယောက်က ဟိုဘက်ကကုတင်မှာအိပ်"

"ဘာလို့လဲ ဒီအောက်ကကုတင်က"

"ရှည်လိုက်တာကွာ မအိပ်နဲ့ဆို မအိပ်နဲ့ပေါ့"

I don't like u But I wanna be your loverWhere stories live. Discover now