Part21(Zaw+Uni)

147 29 2
                                    

Unicode

မစီစဉ်ထားပဲ ရစ်ခီရဲ့မာမားနဲ့တွေ့လိုက်ရတာမို့ မတ်သရူး တော်တော်လေး အနေရခက်နေပြီး အားနာနေရသည်။ ရစ်ခီကတော့ "တစ်ခါတည်းမိတ်ဆက်ပြီးသားဖြစ်တာပေါ့" ဆိုပြီး နောက်ပြောင်နေသေးတာမို့ မျက်စောင်းသာပြစ်ထိုးလိုက်မိသည်။

ဒဏ်ရာတွေလည်း အတော်လေး သက်သာနေပြီမို့ မကြာခင်ဆေးရုံဆင်းရတော့မည် ဖြစ်သည်။ ရစ်ခီက မတ်သရူးရဲ့ ကုတင်ဘေးတွင် ထိုင်နေပြီး မတ်သရူးလက်က ကျောက်ပတ်တီးပေါ်တွင် ဆော့ပင်နှင့် ပုံတွေဆွဲနေသည်။ စိတ်ဝင်တစား သူ့လက်ကပတ်တီးပေါ်က ပုံတွေငုံဆွဲနေသည့် ရစ်ခီကို မတ်သရူးသေချာကြည့်ပြီး ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်သည်။ ထိုအခါရစ်ခီက ပြုံးပြီး မော့ကြည့်သည်။

"ဟယ်လို"

ရစ်ခီတစ်ခုခုပြောမလို့ ပြင်လိုက်ပြီးမှ ဖုန်းဝင်လာတာမို့ ကိုင်လိုက်သည်။

"အမ ယယ်ဂျီ!"

ရစ်ခီ ထိုင်နေရာမှပင်ထမိသွားသည်။ မတ်သရူးကိုလှမ်းကြည့်မိတော့ မတ်သရူးကလည်း ရစ်ခီ့ကိုစူးစမ်းသည့်အကြည့်ဖြင့် ပြန်ကြည့်နေသည်။

ယယ်ဂျီကို ရစ်ခီရဲ့ အစ်ကိုအားစုံစမ်းခိုင်းထားပြီး အချိန်တွင် သူ၏ဖုန်းနံပါတ်နှင့် ဘယ်မှာနေလည်းဆိုတာ သိလိုက်ရသည့်နောက်တွင် ယယ်ဂျီကို ရစ်ခီဆက်သွယ်ခဲ့သည်။ ဖုန်းလည်းဆက်သလို စာတွေလည်းပို့ခဲ့သည်။ ယယ်ဂျီနေသည့်နေရာကိုတော့ သူ မလိုက်သွားခဲ့ပါ။ ကိုယ်ရေးကိုယ်တာ ချိုးဖောက်ရာကျမည့်အပြင် ယယ်ဂျီကိုလည်းအတင်းဖိအားမပေးချင်တာမို့ဖြစ်သည်။ ယခုအခါတွင်တော့ ယယ်ဂျီဘက်က ပထမဦးဆုံးဆက်သွယ်လာခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ ကျွန်တော် လိပ်စာပို့ပေးလိုက်ပါ့မယ်"

"ဘာဖြစ်လို့လဲ ရစ်ခီ"

ဖုန်းချလိုက်သည့် ရစ်ခီကို မတ်သရူးက လက်ကိုကိုင်လိုက်ပြီး မေးသည်။

"အမ ယယ်ဂျီက ကိုကိုနဲ့တွေ့ချင်လို့တဲ့"
"သူဒီကိုလာချင်တယ်ပြောတယ်"

မတ်သရူးက ဘာမှပြန်မပြောပဲ တွေတွေလေးငေးနေမိသည်။

"ကိုကို အဆင်ပြေရဲ့လား"

I don't like u But I wanna be your loverWhere stories live. Discover now