"ခင်ဗျားတို့ ဘာလုပ်တာလဲ အခုချက်ခြင်း ဒါကိုဖြုတ်ပေး!!!!"
ဆေးရုံတစ်ရုံအတွင်းရှိ အခန်းတစ်ခုထဲတွင် အော်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ရှင်တို့ ဒါဘာလုပ်တာလဲ!!! ကျွန်မသားမှာ ဒဏ်ရာတွေနဲ့ ရှင်တို့မမြင်ဘူးလား"
ရဲများက ဝီလျံရဲ့လက်တစ်ဖက်ကို ကုတင်နှင့်တွဲ၍ လက်ထိတ်ခတ်ထားလိုက်သည်။
"ဝီလျံဆိုတဲ့ ကျောင်းသားကို ကျွန်တော်တို့ ကျောင်းတွင်းအကြမ်းဖက်မှု၊ အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု၊ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေနဲ့ ဖမ်းလိုက်ပါပြီ။"
"ဆေးရုံမဆင်းခင်အချိန်ထိ ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ နေရပါမယ်""ဘာ!!"
"နင်တို့ နင်တို့ငါ့သားကိုအဲ့လိုလုပ်ချင်တိုင်းလုပ်လို့ရမယ်များ ထင်နေလား ဘယ်ကောင်လည်း ငါ့သားကိုတိုင်တာဘယ်ကောင်လဲ""ကျွန်တော်ပဲ!"
အခန်းထဲသို့ ရစ်ခီက သူ့အကိုနှင့်အတူဝင်လာသည်။
"ရစ်ခီ မင်း!"
ဝီလျံက လက်ထိတ်ကိုအတင်းရုန်းနေသည်။
"ဘယ်လိုလုပ်မလဲ တစ်ဖက်လူက ခင်ဗျားတို့လုပ်နေကြအတိုင်း ငွေပေးလိုက်တာနဲ့ ပါးစပ်ပိတ်သွားမဲ့သူမဟုတ်ဘူး"
"မင်းကများ ငါ့ကိုဘာကောင်ထင်နေလဲ!"
"တစ်ခါတည်းပြောလိုက်ဦးမယ် ပိုက်ဆံတွေအရမ်းသုံးပြီး ရှေ့နေအကောင်းစားတွေလည်းရှာမနေနဲ့ဦး ဒီမှာ သက်သေတွေက ဖျက်စီးလို့တောင်မကုန်ဘူး အလကားနေရင်း ပိုက်ဆံကုန်နေမှာစိုးလို့ စေတနာနဲ့"
ပြောပြီးတာနဲ့ ရစ်ခီကလှည့်ထွက်သွားတော့သည်။ ဝီလျံရဲ့ အမေကတော့ သတိပင်လစ်သွားရသည်။
ရစ်ခီအိမ်ပြန်ရောက်သည့် အခါ မတ်သရူးကို လိုက်ရှာနေမိသည်။
"ကိုကို"
ဧည့်ခန်းထဲတွင် မတွေ့လို့ အိမ်အနှံ့လိုက်ရှာ၍ ခေါ်နေမိသည်။
"ဟုတ် မေမေ အဲ့ဒါဆို ဒါပဲနော်"
"ကိုကို ဘာလုပ်နေတာလဲ အိမ်ရှေ့မှာလည်းမရှိဘူး"
YOU ARE READING
I don't like u But I wanna be your lover
FanfictionRicky Shen Seok Mathew Shenthew digimonz Enemy to lover