Part16(Zaw+Uni)

193 28 7
                                    

မတ်သရူးကိုဆိုဖာပေါ်တွင် ထိုင်စေပြီး ရစ်ခီနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။ အဆုံးသတ်မရှိသည့် အနမ်းတွေကို ရစ်ခီကမြတ်မြတ်နိုးနိုးပေးနေသည်။ မတ်သရူး၏ လည်တိုင်တွင် ရစ်ခီ၏လက်ချောင်းရှည်များက ရစ်ပတ်နေပြီး ထိုလည်တိုင်ဖွေးဖွေးများကိုလည်း ရစ်ခီကအမှတ်အသားပေးသည်။ ရစ်ခီပေးလာသည့် အမှတ်အသားတွေကိုလည်း မတ်သရူးဟာ ကျေနပ်စွာ လက်ခံယူနေသည်။

ရစ်ခီက မတ်သရူး၏ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီ‌ေပါ်တွင် သူ၏နှုတ်ခမ်းတို့ ကျရောက်စေသည်။

"ရစ်ခီ ရပ်ပါဦး"

မတ်သရူးက ခပ်ဖွဖွရယ်လျက်ပြောသည်။

"မရပ်ချင်ဘူး တစ်ညလုံးနမ်းလို့မရဘူးလား"

ရစ်ခီက မျက်နှာငယ်လေး ပြန်ဖြေသည်။

"ကိုကိုတော်တော်လွန်သွားတာပဲ ရှန်ရှန်ကအများကြီးလွမ်းနေတာပေါ့"

မတ်သရူးက ရစ်ခီ၏ခေါင်းကိုပုတ်ပေးပြီး ပြောသည်။

"မဟုတ်ပါဘူး ကိုကိုမလွန်ဘူး"
"ကိုကို့ ကိုအော်မိတဲ့ကျွန်တော်ကသာမှားတာ"
"‌ကိုကို့ ကိုစိတ်ညစ်အောင်လုပ်မိသွားတာ"
"ခံရသင့်တယ်"

မတ်သရူး၏ လက်ဖမိုးကို ငုံ့နမ်းပြီး ရစ်ခီကပြောသည်။

"ဟုတ်တယ်နော် ရစ်ခီကအပြစ်ခံရသင့်တယ်"
"အဲ့တော့ အပြစ်ထပ်ပေးရမယ်"
"ပြော ကိုကို့ ကိုအော်တာဘယ်ပါးစပ်လဲ"

ပြွတ်!

မတ်သရူးက ရစ်ခီ၏ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး ရစ်ခီ၏နှုတ်ခမ်းများကို နမ်းသည်။

"အဟား...ဟား"

ထိုအခါရစ်ခီက အားရပါးရရယ်တော့သည်။

"ထပ်ပေးဦး အဲ့ဒီ့အပြစ်လိုချင်သေးတယ်"

ရစ်ခီက မျက်နှာကိုရှေ့တိုးပြီး ပြောသည်။

ပြွတ်!

"အဲ့လောက်နဲ့မရသေးဘူး ကျွန်တော်ကဒီ့ထပ်တောင်အပြစ်ခံရသင့်တာ ထပ်ပေးပါဦး"

ပြွတ်!

"ထပ်ပေး.."

ဒီတစ်ခါမှာ‌ေတာ့ အာဘွားထပ်တောင်းနေသည့် ရစ်ခီ၏ နှုတ်ခမ်းများကို မတ်သရူး၏လက်ဖြင့် ပိတ်လိုက်ပြီး အနောက်သို့တွန်းလိုက်တော့သည်။

I don't like u But I wanna be your loverWhere stories live. Discover now