Part17(Zaw+Uni)

165 23 2
                                    

"ဂိမ်းဆော့ရင်းစားဖို့ မုန့်လေးသွားဝယ်ခိုင်းတာ ဘာလို့ဒီလောက်ကြာနေတာလဲ!"
"ငါ့ဆီကနေ ထွက်ပြေးဖို့ကြိုးစားနေတာလား!"

တိုက်ခန်းထဲဝင်ဝင်လာခြင်း ဝီလျံက ဒေါသထွက်ကာ ယယ်ဂျီကိုအော်သည်။ ဝီလျံဒေါသထွက်နေသည့် ပုံစံကြောင့် ယယ်ဂျီကြောက်လွန်း၍ အသားတွေပင်တုန်နေသည်။ ဝီလျံက လက်ထဲကမုန့်ထုတ်ကို ဆွဲယူပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ကိုယ့်အိမ်ကိုယ့်ယာလို ခြေပစ်လက်ပစ်ဝင်ထိုင်သည်။ ထို့နောက် လက်ထဲက ဖုန်းကိုဆွဲထုတ်ပြီး ဂိမ်းဆော့နေသည်။ ယယ်ဂျီကတော့ ဝီလျံရဲ့အနောက်မှာပင် ရပ်နေပြီး ထိုနေရာမှ လုံးဝမရွေ့သေးပါ။

"ဝီလျံ နင် နင်ငါ့အိမ်မှာလည်းနေတာကြာပြီဆိုတော့.."

ဘုတ်!

ယယ်ဂျီရဲ့ စကားမဆုံးခင်မှာပင် လက်ထဲကမုန့်ထုတ်ကို ဝီလျံကအားပြင်းပြင်းနှင့် ပစ်ထုတ်လိုက်သည်။ ယယ်ဂျီတအားလန့်သွားရ၍ ခန္ဓာကိုယ်ပင် ဆက်ကနဲတုန်သွားရသည်။

"စာမေးပွဲပြီးလို့လည်း အေးအေးဆေးဆေးမနေရပါလား"

ဝီလျံကထိုင်နေရာမှ ထလာပြီး ယယ်ဂျီအရှေ့ကို လာရပ်သည်။ ယယ်ဂျီခန္ဓာကိုယ်လေးပင် ကျုံ့ဝင်သွားပြီး ခေါင်းပင်မဖော်ရဲဖြစ်နေသည်။

"ဘာလဲ! မင်းကငါမရှိတော့မှ ငါ့အနားကထွက်ပြေးမလို့လား!"

"အ!"

ယယ်ဂျီရဲ့ ပါးနှစ်ဖက်ကို ဝီလျံကသူ့လက်များဖြင့် အားထည့်ပြီး တင်းနေအောင်ညှစ်ထားသည်။

"မဟုတ် မဟုတ်ပါဘူး ဝီလျံ"
"ငါထွက်မပြေးပါဘူး ထွက်မပြေးပါဘူး"

နှုတ်ခမ်းတွေကို ခက်ခက်ခဲခဲဖွင့်ဟလာပြီး ဟယ်ဂျီကပြောသည်။

"အဲ့လိုလိမ္မာပါကွာ မင်းငါ့အနားကထွက်ပြေးရင် အကျိုးဆက်ကဘာဖြစ်လာမလဲဆိုတာ မင်းသိပါတယ်"

ဝီလျံက မျက်နှာထက်တွင် ကြောက်စရာကောင်းသည့် အပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီး ယယ်ဂျီရဲ့ဦးခေါင်းကိုလည်း ပွတ်သပ်၍ပြောလာသည်။ ယယ်ဂျီမှာတုန်တုန်ရီရီဖြင့် ခေါင်းကိုသာ အခါခါငြှိမ့်နေမိသည်။

I don't like u But I wanna be your loverWhere stories live. Discover now