Part15(Zaw+Uni)

188 31 2
                                    

လစဉ်ဖြေရသည့် စာမေးပွဲနီးလာပြီမို့ မတ်သရူးtrainingတောင် သိပ်မဆင်းဖြစ်တော့ပါ။ ရစ်ခီကတော့ နဂိုကတည်းက စာကြိုးစားတဲ့သူမို့ စိတ်ပူစရာမရှိပေမယ့် အခုတော့ စာမေးပွဲ‌ဖြေဖို့ တစ်ရက်နီးလာလေ စိတ်လှုပ်ရှားလာလေဖြစ်သည်။ စာမေးပွဲကိုစိတ်လှုပ်ရှားခြင်း မဟုတ်ပဲ စာမေးပွဲကိုမြန်မြန်ပြီးစေချင်သောကြောင့် ဖြစ်သည်။

စာကြည့်တိုက်ထဲတွင် ရစ်ခီနှင့်မတ်သရူး မျက်နှာချင်းဆိုင်ထိုင်နေပြီး စာလုပ်နေကြသည်။ ရစ်ခီက macbookသုံးတိုင်း မျက်မှန်တပ်လေ့ရှိသည်။ မတ်သရူးကတော့ စာအုပ်အထပ်လိုက်ချထားပြီး ဘောပင်တစ်ချောင်းဖြင့် ဟိုခြစ်ဒီမှတ်လုပ်နေသည်။ သူစိတ်ရှုပ်သွားလျှင်လည်း ခေါင်းကဆံပင်တွေကို ဆွဲဖွတတ်သေးသည်။ ထိုအခါ ရစ်ခီက မတ်သရူးဆံပင်တွေကို လက်ဖြင့်သပ်ပေးသည်။ မတ်သရူးက ထပ်ဖွသည်။ ရစ်ခီကိုအခဲမကြေသေးသည့် ပုံစံပြခြင်းဖြစ်သည်။ ရစ်ခီကလည်းစိတ်ရှည်စွာဖြင့် ဆံပင်တွေကိုထပ်ပြီးသပ်‌တင်ပေးသည်။ ထိုအခါမတ်သရူးက "စာလုပ်" ဆိုသည့် ပုံစံဖြင့် မျက်ခုံးပင့်ပြသည်။ ရစ်ခီကခေါင်းငြှိမ့်သည်။

စာထိုင်လုပ်နေရင်းဖြင့် မတ်သရူးမျက်စိရှေ့ကို ရစ်ခီက စာအုပ်တစ်အုပ်လှမ်းပေးသည်။ ဖွင့်လျက်သားဖြစ်နေသည့် စာအုပ်ကို မတ်သရူးလှမ်းဖတ်လိုက်သည်။ ရေးထားသည်က

📝ကျွန်တော်မျက်မှန်တပ်ထားတယ်လေ လိုက်တယ်လို့မပြောတော့ဘူးလား

ရစ်ခီရေးထားသည့် စာကိုဖတ်ပြီး ခေါင်းငုံ့ထားရင်း မတ်သရူးပြုံးမိသွားသည်။ သို့ပေမယ့် ချက်ခြင်းမျက်နှာကို ပြန်တည်လိုက်ပြီး စာအုပ်ပေါ်တွင် တစ်ခုခုကိုချရေးနေသည်။

📝အင်း လိုက်တယ်

ရစ်ခီကသူ့ဆီရောက်လာသည့် စာအုပ်ကိုကြည့်ပြီး မျက်နှာလေးငယ်သွားသည်။

📝အရုပ်လေးလည်းဆွဲပေးဦးလေ

ရစ်ခီပြန်ရေးသည်။ မတ်သရူးသွားဖွေးဖွေးတွေ ပေါ်သည်အထိ ပြုံးမိသွားသည်။

📝ရစ်ခီကမျက်မှန်နဲ့အရမ်းလိုက်တယ်( ⁠♡⁠‿⁠♡⁠)

‌ထိုသို့ရေးပြီး ပေးလိုက်တော့မှသာ ရစ်ခီပြုံးသွားသည်။ ရစ်ခီကိုကြည့်ပြီး မတ်သရူးကခေါင်းတခါခါနှင့် ပြုံးသည်။ ရစ်ခီကတခြားသူတွေနဲ့ဆိုရင်တော့ ဘယ်လောက်ပဲ လူကြီးလိုနေပါစေ သူ့မျက်လုံးထဲတော့ သူ့ထက်၂နှစ်ငယ်တဲ့ ကလေးလေးပင်ဖြစ်သည်။ ကြောင်ပေါက်လေးဆိုလျှင်လည်း မှန်လိမ့်သည်။

I don't like u But I wanna be your loverWhere stories live. Discover now