Part5(Zaw+Uni)

242 34 10
                                    

"ရစ်ခီရှန်!!!"
"ရစ်ခီရှန်!!!"

ကျောင်းဝန်းထဲတွင် ‌အတန်းပြီး၍အ‌ေဆာင်သို့ပြန်နေပြီဖြစ်‌သောရစ်ခီရှန်အား မတ်သရူးမှအနောက်ကနေလှမ်းအော်ခေါ်နေခြင်းဖြစ်သည်။ ညနေကျောင်းဆင်းချိန်မို့ အိမ်ပြန်သည့်သူကပြန် အဆောင်ပြန်သည့်သူကပြန်နှင့်မို့ ကျောင်းဝန်းထဲတွင် မနက်ပိုင်းလောက်လူသိပ်မစည်ပါ။ မတ်သရူးခေါ်သံအား ဂရုမစိုက်ပဲလွယ်အိတ်အနက်ရောင်အား တစ်ဖက်တည်းလွယ်ကာ ရှေ့သို့ဆက်လျှောက်နေသည်။

"ရှစ်ခီရှန်!!!"

မတ်သရူး ရစ်ခီရှန်အနောက်သို့ပြေးလိုက်ကာ ပုခုံးကနေဆွဲလှည့်လိုက်သည်။ ထိုအခါမှရစ်ခီရှန်လည်း မတ်သရူးနှင့်မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားသည်။ ရစ်ခီရှန်ကဘာမှ‌မပြောပဲ မတ်သရူးကိုသာ စိုက်ကြည့်နေသည်။

"ငါခေါ်နေတာမကြားဘူးလား"

မတ်သရူးဒေါသသံစွက်ကာပြောလိုက်သည်။

"ကြားသားပဲ"

လေသံတိုးတိုးနှင့်မထီမဲ့မြင်ပုံစံပြန်ဖြေသည်။

"အော် ကြားရဲ့သားနဲ့မကြားချင်ယောင်ဆောင်တာပေါ့"
"မင်းတော်တော်တတ်နေတယ်ပေါ့ ဟုတ်လား"

မတ်သရူးကထပ်ပြောသည်။ ထိုအခါရစ်ခီရှန်က ဘာမှမသိသလိုပုံစံနှင့် ပုခုံးနှစ်ဖက်အား တွန့်ပြသည်။

"မင်းငါ့ကို မနက်ကယုတ်မာသွားတာလေ ငါဘယ်လောက်အရှက်ကွဲသွားလည်း မင်းသိလား"

"ဟာ ငါဘာမှမယုတ်မာရသေးဘူးနော် မင်းဖြစ်ချင်တာတွေလျှောက်ပြောမနေနဲ့ ဘေးလူတွေကြားရင်တစ်မျိုးထင်နေမယ်"

မတ်သရူးရဲ့စကားကိုကြားပြီး ရစ်ခီရှန်ကပြာပြာသလဲထငြင်းတော့သည်။

"ရစ်ခီရှန်!!! မင်းတော်တော်မျက်နှာပြောင်တိုက်ပါလား"

မတ်သရူးမျက်နှာတစ်ခုလုံးနီရဲကာ ဒေါသထွက်နေပြီဖြစ်သည်။ ရစ်ခီရှန်ကမတ်သရူးဒေါသထွက်နေတဲ့ ပုံစံလေးကိုကြည့်ပြီး ခပ်ဟဟရယ်သည်။ မတ်သရူးကိုစရတာ အရမ်းပျော်စရာကောင်းသည်။ သူဒေါသထွက်တဲ့ပုံစံလေးက ဘယ်လိုပြောရမလဲ ချစ်ဖို့ကောင်းသည်။

I don't like u But I wanna be your loverWhere stories live. Discover now