Part8(Zaw+Uni)

213 39 13
                                    

Weekend ကျောင်းနှစ်ရက်ပိတ်သည်မို့ ကျောင်းတွင်အဆောင်နေသူများသာရှိသည်။ အဆောင်နေသူများထဲတွင် နယ်ကလာသူများသာမက ကျောင်းနှင့်တစ်မြို့တည်းနေထိုင်သူများကပါ တခါတလေ အိမ်သို့မပြန်ဖြစ်ပဲ ကျောင်းတွင်နေသည်ကများသည်။ ထိုအထဲတွင် မတ်သရူးနှင့်ရစ်ခီလည်းပါသည်။ မိုက်ကတော့ တခါတလေ အိမ်ပြန်သည်။ သို့ပေမယ့် fresher welcome ရှိသည်မို့ အားလုံးအလုပ်ရှုပ်နေ၍ ဒီတစ်ပတ်တော့ သူလည်းမပြန်ဖြစ်ပါ။

"မတ်ချူးကတော့ ဒီရက်ပိုင်းတော်တော်ကိုကြိုးစားနေတာပဲ"

မိုက်က ပြဇာတ်မေဂျာအဆောင်‌တွင်ရှိသော ဟောခန်းထဲတွင် ‌ Dialogueကျင့်နေကြသည့် ကျောင်းသားများကို စာရွက်ကိုင်ကာ လက်ပိုက်၍ကြည့်နေသာ ရစ်ခီအနားသို့ကပ်ကာပြောသည်။ ပိတ်ရက်ဖြစ်ပေမယ့် fresher welcome နီးနေပြီဖြစ်သဖြင့် အဆောင်မနေသူများလည်း လာရောက်ကူညီကြသည်။ ပထမနှစ်တွေကတော့အတက်ကြွဆုံး ဖြစ်သည်။ အဝတ်အစားပိုင်း မိတ်ကပ်ပိုင်း တာဝန်ယူသူများလည်း အသီးသီးအလုပ်ရှုပ်နေကြသည်။

"မင်းနဲ့ရောတွေ့ဖြစ်သေးလား"

မိုက်ထပ်မေးသည်။

"သိပ်မတွေ့ဖြစ်ဘူး အိပ်ချိန်လောက်ပဲ"

ရစ်ခီကခေါင်းခါ၍ပြန်ဖြေသည်။ အခုရက်ပိုင်း နှစ်ယောက်လုံးအလုပ်ရှုပ်နေကြ၍ အဆောင်ပြန်ချိန် အိပ်ချိန်လောက်သာတွေ့ဖြစ်ကြသည်။ မနက်နိုးရင်လည်း မတ်သရူးက အစောကြီးtrainingရှိတာမို့
အရင်ထသွားသည်။ ထမင်းစားချိန်နားရင်တော့ မတ်သရူးကိုသွားတွေ့ရမည်ဟု ရစ်ခီတွေးလိုက်သည်။

"အားလုံး ထမင်းစားနားကြမယ်"

နာရီဝက်လောက်ကြာတော့ မိုက်ကထမင်းစားနားရန် အားလုံးကိုဆော်ဩလိုက်သည်။ ရစ်ခီကန်တင်းဘက်သို့ထွက်လာပြီး မတ်သရူးကြိုက်လောက်မည့် မုန့်များကို ရွေးကာဝယ်နေသည်။ အိတ်အပြည့်မုန့်များဝယ်ပြီး လက်တစ်ဖက်ကအအေးဗူးအရှည်ကြီးကိုလည်းကိုင်ထားသေးသည်။ ထို့နောက် အားကစားကွင်းဘက်သို့လျှောက်လာလိုက်သည်။

Ring!! Ring!!

ဘောင်းဘီအိတ်ထဲထည့်ထားသည့် ဖုန်းကအသံမြည်လာသည်မို့ ရစ်ခီမနိုင်မနင်းဖြင့် ဖုန်းထုတ်ကိုင်လိုက်သည်။

I don't like u But I wanna be your loverWhere stories live. Discover now