ရစ်ခီရှန်၏ပထမဦးဆုံး ကျောင်းစတက်ရသည့်နေ့သည် မတ်သရူး၏ပစ်ချက်ကြောင့် ကျောင်းဆေးပေးခန်းတွင် နေ့တဝက်လောက် အိပ်နေလိုက်ရသည်။ နိုးလာတော့ ကျောင်းဆင်းချိန်ဖြစ်နေရာ အဆောင်သို့သာ ပြန်သွားလိုက်သည်။ အခန်းထဲရောက်တော့ ရစ်ခီရှန်ကိုမြင်သည်နှင့် မိုက်ကပြာပြာသလဲ ထလာပြီးမေးတော့သည်။
"ရှစ်ခီရှန်! အဆင်ပြေရဲ့လား ကြီးကြီးမားမားထိခိုက်သွားတဲ့နေရာရော ရှိလား"
"ဆော့မတ်သရူး ဘယ်ရောက်သွားလဲ"
အံကြိတ်သံဖြင့်ပြန်မေးလိုက်သည်။
"သူရေချိုးနေတယ် ရေချိုးဆောင်မှာ"
မိုက်ကပြန်ဖြေသည်။
ရစ်ခီရှန်ဘာမှပြန်မပြောတော့ပဲ ရေချိုးရန်ပြင်လိုက်သည်။ အိတ်ထဲမှ မျက်နှာသစ်ဆေး body shower သွားတိုက်တံ သွားတိုက်ဆေးများကို ထုတ်ကာခြင်းအသေးတစ်ခုထဲသို့ထည့်နေသည်။
"ဟော ငါ့ရဲ့အခန်းဖော်ကြီး ပြန်ရောက်နေပြီပဲ"
"ဘယ်လိုလဲ အိပ်ကောင်းရဲ့လား"မတ်သရူးကရေချိုးပြီးကာစပုံစံဖြင့် အခန်းထဲဝင်လာပြီး ရှစ်ခီရှန်အားတွေ့သည်နှင့် ကျေနပ်နေသည့်လေသံဖြင့်လှမ်းပြောတော့သည်။ ခါးတွင်သဘတ်အရှည်တစ်ထည်ပတ်ကာ အပေါ်ပိုင်းကိုလည်း သဘတ်တစ်ထည်ဖြင့်ထပ်ခြုံထားသေးသည်။ ခေါင်းလျှော်ထားသည်ထင် ပန်းရောင်ဆံပင်လေးများတွင် ရေစက်များတွဲခိုနေသည်။
"ဆောရီး ပါကွာ ငါတမင်လုပ်တာမဟုတ်ပါဘူး"
"ဒီအတိုင်းလက်ချော်သွားတာ"မတ်သရူးတမင်လုပ်မှန်းရှစ်ခီရှန်သိသည်။ ဝတ်ကျေတန်းကျေတောင်းပန် လာသည့်အပြင် သူ့လုပ်ရပ်ကိုနည်းနည်းလေးမှနောင်တရပုံမပေါ်တဲ့ မတ်သရူးကို side eyeဖြင့်တစ်ချက်ကြည့်လိုက်သည်။ ပြီးမှသိသိသာသာဟန်ဆောင်ပြုံးလိုက်ပြီး
"ရပါတယ် တမင်လုပ်တာမှမဟုတ်တာ"
"မင်းကစားနေတဲ့အချိန် ဖြတ်လျှောက်မိတဲ့ ငါကမှားတာပါ""အေးကွာ ဒီလိုမျိုးကိုယ့်အပြစ်ကိုယ်သိတဲ့ လူငယ်တွေအခုခေတ်မှာရှားသွားပြီကွ"
"တော်တယ် တော်တယ်"
YOU ARE READING
I don't like u But I wanna be your lover
FanfictionRicky Shen Seok Mathew Shenthew digimonz Enemy to lover