အပိုင်း- 19
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်ခွန်းစစ်တို့အိမ်၏ မနက်ခင်းထမင်းဝိုင်းလေးတွင် ညီညီနှင့်ခွန်းစစ်သာထိုင်နေကြသည်။
"ညီညီ ဒီနေ့ကိုကိုကျောင်းလိုက်ပို့မယ်နော်"
"ကိုကိုတဂယ်လား"
"တဂယ်ပေါ့ညီညီရ ကိုကိုအလုပ်သွားရင်းနဲ့တစ်ခါထဲဝင်ပို့ပေးမယ် "
"ဟုတ်"
ကျောင်းဝတ်စုံလေးနှင့် ညီညီကပျော်သွားကာ ပြုံးပြလေတော့သည်။ ညီညီက ခွန်းစစ်ကိုခင်တွယ်ပေမယ့်လဲ ခွန်းစစ်ကသာ ညီညီ့ကိုပြစ်ထားမိသလို ဖြစ်နေရသည်မို့ အားနာရသည်။ ကျောင်းသွားတတ်တော့ရော ယခုပြန်ရောက်တော့ ပူတင်းလေးနဲ့လျှောက်လည်တာတွေရောကိုပြန်ကြည့်ရလျှင် ညီညီကိုလုံးလုံးလျားလျားမေ့နေခဲ့သည်မဟုတ်လား။ တွေးကြည့်မှ သနားစိတ်ဝင်လာရသည့်ညီညီ့ကို နောက်ရက်တွေတော့ အချိန်ပေးအုံးမှပါလေ။
"ဟ... ဒယ်ဒီ့သားတွေရောက်နေကြပြီပဲ"
"ဒယ်ဒီကနောက်ကျနေတာ သားတောင်ကျောင်းသွားဖို့ပြင်ပြီးပြီကြည့်"
"ဟုတ်ပါ့ကွာ ဒယ်ဒီညကအိပ်ယာဝင်တာနောက်ကျသွားလို့သားငယ်ရာ"
ထမင်းစားဝိုင်းတွင်ဝင်ထိုင်သည့်ဒယ်ဒီ့က မျက်နှာကသိပ်မလန်းပေ။
"ဒယ်ဒီနေကောင်းရဲ့လား"
"ညကသားဒယ်ဒီ သွေးတိုးစာစားလိုက်တယ်လေ ပြီးတော့အလုပ်လဲအခန်းယူလုပ်သေးတာ အဲ့တာပိပြီးသွေးတိုးတယ်ထင်တယ်သား"
မေမေက ဒယ်ဒီ့ဘေးသို့ဆေးနှင့်ရေခွက်ကိုချပေး၍ ပြောလာလေသည်။
"ကိုကြီးထမင်းစားပြီးဆေးသောက်ရမယ်နော်"
"အွန်းအွန်းငယ်.."
မေမေနှင့်ဒယ်ဒီက ယနေ့ထိချစ်ကြမြဲ တစ်ဦးကိုတစ်ဦးလေးစားကြမြဲကို ခွန်းစစ်နှင့်ညီညီမျက်ဝါးထင်ထင်ပင်ဖြစ်လေသည်။ မိန်းမနှင့်သားတွေအပေါ် အချစ်တွေရော လိုအင်တွေရောဖြည့်ဆည်းပေးတတ်သည့်ဒယ်ဒီနှင့် မေမေ့လိုအိမ်ထောင်ရှင်မကောင်းပီသသည့်မေမေ့ကို ပိုင်ဆိုင်ရ၍ ကံကောင်းသည်ထက်ကို ပိုပါသည်။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."