33 🌿 (U)

7.5K 253 3
                                    

အပိုင်း - ၃၃
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ရေချိုးခန်းလဲမရှိသည့်အိမ်အတွင်း ဘယ်လိုရေချိုးရမလဲ ထိုင်တွေးမိသည်။ တစ်ကိုယ်လုံးချွေးများဖြင့် ကပ်စည်းလိုကြီးစီးကပ်နေသည်ကြောင့် ရေလဲတအားချိုးချင်လှသည်။

"ရေချိုးမယ်မလား"

"ဘယ်မှာချိုးရမှာလဲ ရေချိုးခန်းမတွေ့ဘူး"

"အပြင်မှာပူတင်းလေးရ ကိုကိုလိုက်ပြမယ်"

ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေသည့်ပူတင်းလေးက်ို ရေငုတ်ရှိရာခေါ်ခဲ့လိုက်သည်။

"လူမြင်ကွင်းကြီး မချိုးရဲဘူးကိုကို"

"တစ်ခြားလူမရှိဘူးလေ ကိုကိုပဲရှိတာဘာမှရှက်စရာမလိုဘူး"

"ကိုကိုလဲရှက်တာပဲ တစ်ခုခုကာပေး"

"ကာစရာမတွေ့လို့ပါ ဒီနေ့တစ်ရက်တော့ချိုးလိုက်နော် နောက်နေ့ကိုကိုကာပေးမယ်"

"ကိုကိုကလဲ..."

ဘယ်တတ်နိုင်မည်လဲ။ ထဘီလေးရင်လျား၍ ခမ်းလေးရေချိုးသည့်အခါ ကိုကိုကဘေးတွင်စောင့်ပေးလေသည်။ ခေါင်းပါလျှော်ချင်လာရသည့်အခါ ခေါင်းလျှော်ရည်ရှာရသည်။

"ကိုကို ခေါင်းလျှော်ချင်လို့ "

"ခေါင်းလျှော်ရည်မရှိဘူးထင်တယ် ကိုကိုကြည့်ပေးမယ်"

နောက်လှည့်ကြည့်မိသည့်အခါဝယ် ယမင်းရုပ်လေးကို ရေစိုနေသည့်ကိုယ်လုံးလေးက ငေးမောဖွယ်လှပကိုတွေ့ရသည်။ ဤလို​မြင်ကွင်းမျိုးတစ်ခါမှ မ​မြင်ခဲ့ဘူးသည့်သူ့အတွက် အတော်ကြာငေးမောဖို့ထိ ဖြစ်သင့်ပါသည်။

"ကိုကို ဘယ်လိုကြီးကြည့်နေတာလဲ ကိုယ့်ဘာသာရှာမယ် ဟိုဘက်လှည့်"

"ကိိုကို့ ဟိုဘက်လှည့်ပါဆိုနေမှ"

ကိုကိုတို့က သူများကိုအသားယူသလိုကြီးကြည့်နေသည်ကြောင့် ရှက်ကာအကြည့်လွှဲခိုင်းရသည်။ အရင်လိုဆို ကိုကို့ရှေ့လဲ ချိုးရဲပေမယ် အခုကိုကိုကရိုးမှမရိုးသားပဲ။

ရှိသည့် ခေါင်းလျှော်ရည်ထုတ်လေးဖောက်၍ ခေါင်လျှော်ရေချိုးပြီးသည့်အခါ တဘက်လေးပက်၍ ကိုကို့ဘက်လာလိုက်သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now