အပိုင်း - ၃၇
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖ခိုးပြေးသွားသည့်ည....
သမီးလေးကို ခိုးပြေးသွားသည်ဟုမထင်ပဲ သားခွန်းစစ်နှင့်တစ်နေရာရာဝင်နေ၍ နောက်ကျနေသည်ဟုသာထင်ခဲ့မိကြသည်။ အရင်လဲ မောင်နှမနှစ်ယောက် hotel ဝင်ပြီး ညစာစား သီချင်းဆိုပြီးမှပြန်လာတတ်ကြသည်မို့ စိတ်ချချနေနေကြတော့သည်။ သို့ပေမယ့် ည ၁၀ နာရီ ၄၆ မိနစ်တွင်တော့ ဦး၏ဖုန်းဆီ message တစ်ဆောင်ဝင်လာလေသည်။
"အန်ကယ် ကျွန်တော်ညီမလေးကိုခိုးပြေးပြီမလို့ ဒီညပြန်မလာတော့ပါဘူးဗျ မောင်နှမတွေလို့ထင်ပြီး စိတ်အေးပြီးနေမှာဆိုးလို့အသိပေးတာပါခင်ဗျ။
လိုက်ရှာမှ ခိုးပြေးတယ်လို့သတ်မှတ်ကြတာမလို့ အခုကစလို့ရှာလို့ရပါပြီဗျ ဒါနဲ့ ဖြေးဖြေးသက်သာလေးလိုက်ရှာပေးဖို့လဲ မျှော်လင့်ပါတယ်အန်ကယ်ခင်ဗျ။"ဦးဆို စာကိုဖတ်ပြီးသည်နှင့်မူးမေ့လဲသွားရှာသည်။ ထိုအချိန်မှ သူ့ဦးလေးများအားလုံးကိုစု၍ သမီးရှာပုံတော်ဖွင့်ရသည်။ လွန်းငယ်မှာလဲ ဦးကတစ်ဖက် သမီးကတစ်ဖက်နှင့် အတော်လေးစိတ်ပျာများကာ စိတ်ပူရလေသည်။
ည သန်းခေါင်ကျော်တွင် သတိရလာသည့်ဦးက သူ့သမီးကိုထွက်ရှာမည်ကြံသည့်အခါ လွန်းငယ်တားရပြန်သည်။
"ဦး စိတ်ဖြေပါဦးရယ်"
"ကိုယ်မဖြေနိုင်ဘူးခလေး သမီးလေးကငယ်သေးတယ် ပိုဆိုးတာကိုယ်တို့သမီးကိုဒီလိုလုပ်သွားလို့ကိုယ်မကျေနပ်တာ"
"ဒါပေမယ့် ဖြစ်ပြီးသွားကြပြီလေဦးရယ် ဘာတတ်နိုင်တော့မှာလဲ"
"ဘာလို့မတတ်နိုင်ရမှာလဲခလေးရ ကိုယ့်သမီးမလို့ဘာမဆိုဖြစ်နိုင်တယ် ကုန်ကုန်ပြောရရင် သမိးအပျိုမဟုတ်တော့လဲ ဘယ်သူမှမပြောနိုင်အောင်ကိုယ်ထားမှာ ကိုယ့်သမီးကိုကိုယ်ကပိုးလေးလိုဥပြီးမွေးထားတာ... ကိုယ့်ဘဝကြီးတစ်ခုလုံး သမီးနဲ့ခလေးကိုပဲစိတ်နှစ်ပြီး နေလာခဲ့တာ အခုတော့ ကိုယ့်သမီး ကိုယ့်သမီးကို...."
ဦးကပြောရင်း မျက်ရည်တွေကျကာ သူ့ရင်ဘက်ကိုစည်တီး၍ ရိုက်ခက်ငိုလေသည်။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."