အပိုင်း -၃၄ (အပို)
ရယ်ဖို့တောင် အာမရှိတော့ပါလားကွာ။ ရှင်းပြလေဝေးလေ ခြောက်လေ ရယ်ရလေဖြစ်နေပြီပဲ။
"ကိုကို့ကိုခွင့်လွှတ်ပါကွာနော်"
"ကိုကို အွင့်..."
ခမ်းလေးနှုတ်ခမ်းဆီ ကိုကို့နှုတ်ခမ်းလေးရုတ်တရက်ဖိကပ်လာပြီး ကိုကို့ဘက်က နှုတ်ခမ်းကိုရေခဲချောင်းစုပ်သလို လာစုပ်နေသည့်အခါ တွန်းမိသည်။ ဘယ်လိုကြီး လာပြီးနှုတ်ခမ်းကိုကိုက်နေတာလဲလို့ ကိုကိုရယ်။
ခွန်းစစ်စိတ်ကို ကိုယ်တိုင်တောင်ထိန်း၍မနိုင်မှန်းသိပါသည်။ စောင့်စည်းလာသည့်ဒီနှစ်တွေက ကိုကို့အတွက် ဒီညမှာပဲအဆုံးသတ်ဖို့ဖြစ်ရမည်။ ကိုကိုနောက်ထပ်မစောင့်နိုင်တော့လို့ပါကွာ။
အနမ်းတွေအားပါလာသည့်အခါ ကုတင်ပေါ်လှဲချလိုက်သည်။ သူ့အနမ်းတွေကို အမှီလိုက်နေရသည့်ပူတင်းလေးဟာလဲ ခွန်းစစ်ပြုမူသလို ကုတင်ပေါ်လှဲရက်လေးပါလာလေသည်။
ကိုကို့ဆီမှ နှုတ်ခမ်းလေးလွတ်ထွက်သွားသည့်အခါမှ ခမ်းလေးကုတင်ပေါ်ရောက်နေမှန်းသတိထားမိသည်။ ခမ်းလေးကိုအုပ်မိုး၍ ကြည့်နေသည့်ကိုကို့အကြည့်ကို ခမ်းလေးသိနေသလိုလိုပင်။
"ကိုကို ဟင့်အင်း"
"ကိုကို့ကိုမချစ်ဘူးလားကွ"
"ချစ်တယ် ဒါပေမယ့်ရိုးရိုး"
"ဆန်းဆန်းလေးချစ်ကြည့်ဖို့ ကိုကိုအကြံပေးချင်တယ် ကိုကိုကချစ်ဖို့ကောင်းပါတယ်"
"မချစ်ချင်ဘူးကိုကို အပြင်ထွက်ချင်တယ်"
"ကိုကိုမှပေးမထွက်ချင်ပဲ"
ခမ်းလေးနဖူးဆီ ဆံစလေးများသပ်၍ ပြောလာသည့်ကိုကို့ကို မျက်ရည်ဝိုင်းလေးနှင့်ကြည့်လိုက်သည်။
"ခမ်းလေး အဲ့လိုကြီး မနေချင်ဘူးလို့"
"ကိုကိုရှိရင် ဘယ်နေရာနေနေ ပူတင်းလေးပျော်ပါတယ်ဆို"
"အဲ့တာတော့အဲ့တာပေါ့ "
"အတူတူပဲပေါ့ အခုလဲ ကိုကိုနဲ့နေရလို့ပူတင်းလေးပျော်သွားမှာ ကိုကိုအာမခံတယ်"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."