(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း- 20"မီးမီးသင်တန်းကမမတွေကလေ သဘောကောင်းတယ်ဖေဖေ အကုန်လုံးကလဲတော်ကြတယ် "
"ဖေ့သမီးကသဘောတွေကျနေတာပေါ့"
"အွန်း သင်တန်းကအဆင်ပြေတော့သဘောကျတာပေါ့ "
နေ့တိုင်း သင်တန်းကအကြောင်းတွေပြောပြတတ်သည့်သမီးက ယနေ့လဲဥဿာကိုပြောပြနေသည်လေ။
"သမီး"
"ဟုတ်"
ဖေဖေကထိုင်ခုံတွင်ထိုင်နေပြီး ခမ်းလေးက အောက်တွင်ထိုင်ကာ ပိတ်စတွေဖြတ်နေလေရာ မေမေကအသီးပန်းကန်လေးယူလာပေးလေသည်။
"မေမေ နဂါးမောက်သီးပါဘူးပေါ့"
"ဟုတ်တယ်သမီး အိမ်မှာကကုန်နေတာ သမီးစားချင်ရင်လား မေမေ Hotel ဘက်ကလာပို့ခိုင်းလိုက်ရမလားသမီး"
"ဟုတ်မေမေ မီးမီးစားချင်လို့မေမေဖုန်းဆက်ပေးအုံး"
ခမ်းလေးက နဂါးမောက်သီးသာအစားများသည်မို့ လာပို့ခိုင်းဖို့ပြောလိုက်တော့ မေမေကဦးသော်ကိုလှမ်းဆက်လေသည်။ ခမ်းလေးတို့မိသားစုက အသီးကိုအတော်လေးစားကြသလို အိမ်တွင်မရှိလျှင်လဲမပူရ Hotel တွင်ရှိအမြဲရှိတတ်သည်မဟုတ်လား။
"ဟယ် ..အကိုသော်အကိုသော်ဇင်ကိုယ်တိုင်လာပို့တာလား"
"ဟုတ်တယ်ညီမ အကိုလဲပြန်တော့မှာဆိုတော့ တစ်ခါထဲထွက်လာရင်းယူလာလိုက်တာ "
"ဦးသော်လာလေ ထိုင်အုံး"
အပေါက်ဝမှမေမေနှင့်ဦးသော်ဆီ ခမ်းလေးပြေးသွားကာ ဦးသော်ကိုပါတစ်ခါထဲခေါ်ခဲ့လိုက်သည်။
"လာကွာငါညီ ထိုင်အုံး"
"ဟုတ်ကဲ့အကို"
ဦးသော်က ဖေဖေ့ဘေးဝင်လိုက်တော့ ခမ်းလေးကလဲ ဖေဖေ့ဘေးတစ်ဖက်သို့ဝင်ထိုင်လိုက်တော့သည်။
"ဘယ်လိုလဲကွ အလုပ်မှာညီးငွေ့နေပြီလား"
"မညီးငွေ့ပါဘူးဗျာ ကျွန်တော်ကဝါသနာပါတာဆိုတော့သဘောလဲကျတယ် အကိုတို့ဘက်ကလစာလဲများတော့ပိုအဆင်ပြေတာပေါ့"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."