45 🌿 (U&Z)

8.3K 241 4
                                    

အပိုင်း - ၄၅
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ခွန်းစစ်ရေချိူးပြီး၍ အပြင်ထွက်လာသည့်အခါ ခေါင်းလေးဖိနှိပ်၍ အလိုမကျစွာမျက်ခုံးလေးများကျုံ့ထားသည့် ကော်ရုပ်မစုပ်ဖွာလေးကိုတွေ့ရသည်။

"ခေါင်းကိုက်ပြီမလား"

"အွန်း... ခေါင်းကြီးကိုဝက်ဝံကြီးပိတ်ကန်နေတဲ့အတိုင်းပဲ တဒိန်းဒိန်းနဲ့ တအားကိုက်နေတာ"

အမွှေစိန်လေးနဲ့ဝက်ဝံကြီးရဲ့ fangirl လေးကတော့ ဥပမာပေးတာတောင် ဝက်ဝံကြီးနဲ့ပေးတာပါလားကွ။

"ကိုကိုသံပုရာရည်ဖျော်ပေးမယ် မျက်နှာသစ်ထားလိုက်ဟုတ်ပြီလား"

"ဟုတ်"

ကိုကိုဖျော်ပေးသည့်သံပုရာရည်လေးကို ကုတင်ပေါ်တွင်ထိုင်ရက်နှင့်သောက်လိုက်သည်။ လူကဘယ်လိုမှနေလို့မကောင်းတော့ အောက်လဲမဆင်းချင်ပေ။

"ဘယ်လိုဖြစ်လို့အိမ်ရောက်လာတာလဲကိုကို"

"မမှတ်မိဘူးလား"

"ဖေဖေတို့နဲ့ဆိုဂျူးသောက်တဲ့ထိပဲမှတ်မိတာ ကျန်တာမမှတ်မိဘူး"

"ကိုကိုပြောပြရင်မယုံမှာဆိုးလို့ ကိုကိုပြမယ် ခဏ..."

အိပ်ယာဘေးမှ စာအုပ်တင်ခုံလေးထက်က ဖုန်းကို ကိုကိုကယူ၍ vedio တစ်ခုဖွင့်ပြလေသည်။
သူဖွင့်ပြသည်မှာ ကားပေါ်တွင်ပေါက်ကရတွေပြော သီချင်းတွေအော်ဆို ရယ်လိုက်ငိုလိုက်ဖြစ်နေသည့်ပူတင်းလေး၏ ချစ်စရာရုပ်သံလေးဖြစ်သည်။

"သွေးကြောထဲက စွမ်းအင်များ ရေ့ရေ့... ကိုကိုဖန်ဆင်းပေးထားလား ဟေး...ပိုင်းရှားထားတဲ့ခရီးမိုင်များ ရေး...လွယ်လွယ်ကျော်လွှားခမ်းလေးနှုန်းသား အဟေး....."

နှုတ်ခမ်းကိုလက်နှင့်အုပ်ကာ တအံတဩမျက်ဝန်းဝိုင်းဝိုင်းလေးများနှင့်ကြည့်နေသည့်အခါ သူရယ်မိသည်။

"ဒါ...ဒါ ခမ်းလေးလားကိုကို"

"ဘယ်လိုထင်လဲ"

မျက်ခုံးပင့်ပြသည့်ကိုကို့အပြုအမူ ပြုံးစစရယ်နေသည့်အပြုံးတို့ကြောင့် ခမ်းလေးကိုယ့်နဖူးကိုတစ်ချက်ရိုက်လိုက်သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now