47 🌿 (U&Z)

7K 265 8
                                    

အပိုင်း - ၄၇
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

"ကိုကိုမရှုပ်နဲ့ဆို"

"အိပ်ရအောင်"

"အိပ်လို့မရသေးဘူး ခမ်းလေးဒီစာပြီးမှအိပ်လို့ရမှာ"

"နောက်ရက်မှကျက်လေ "

"ဘာနောက်ရက်လဲ မနက်ခင်းဖြေရမယ့်စာကို ခွေးဖြစ်စေချင်လို့လားပြော"

"ပူတင်းလေးကလဲ"

အနားနားတွင် ဂျီပူတိုက်ကာ ခပ်နွဲ့နွဲ့ချွဲချွဲဖြင့် လာချွဲနေသူမှာ ခမ်းလေးမဟုတ်ပဲ ကိုကိုပင်ဖြစ်သည်။ စာကျက်၍မရအောင် လူကို တို့လိုက်ဆိတ်လိုက်နှင့် ပြုလုပ်နေသည်ကြောင့် မျက်စောင်းဖြင့်လဲ အကြိမ်ကြိမ်ထိုးပြီးပြီပင်။ ဒါကို မမှုပဲ လူကိုလိုက်နမ်းနေသည့်အခါ ပေတံရှည်ဖြင့် လိုက်ရိုက်ပစ်တော့ အခန်းအပြင်ထွက်ပြေးသွားတော့သည်။

"အမလေး အခုမှ ကောင်းကောင်းစာကျက်ရတော့တယ်"

အချိန်အားဖြင့် ည ၁ နာရီတွင် ခမ်းလေးစာကျက်ပြီး၍ အိပ်ခန်းသို့ပြန်အိပ်သည့်အခါ ကိုကိုကမအိပ်သေးပဲ ဖုန်းကြည့်နေသည်ကိုတွေ့လိုက်ရတော့သည်။

"ကိုကိုမအိပ်သေးဘူးလား"

"အွန်း တစ်ယောက်ယောက်ကိုစောင့်နေတာ"

"အော် ဆက်စောင့်လေအာ့ဆိုလဲ ခမ်းလေးအိပ်တော့မယ်"

"ဟေ့ကောင်..."

"အမေ့...."

အိပ်ယာထဲဝင်အိပ်နေသည့်ခမ်းလေးကိုယ်လေးကို ​စောင်ထုပ်နှင့်ရော၍ ဆွဲလှည့်လိုက်သည်ကြောင့် လန့်သွားရတော့သည်။

"ကိုကို့"

"အွန်းဘာလဲ "

ကိုကို့မျက်နှာကြီး အနီးကပ်မြင်နေရရင်းမှ ခမ်းလေးလည်တိုင်ဆီငုံ့ကျလာသည့်ကိုကိုက လည်တိုင်တို့ကို တတိတိလိုက်ကိုက်သည်။

"ကိုကို...ကိုကိုဖယ် ဘာလုပ်မလို့လဲ"

"စောင့်နေတာသိသိရက်နဲ့အရူးကွက်နင်းတဲ့ ကောင်မလေးတစ်ယောက်ကို ပညာပြပေးမလို့"

"ကိုကိုနော် ခမ်းလေးမနက်စာမေးပွဲနဲ့ပါဆို"

"အဲတော့..."

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now