Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၂၂
Hotel ၏အနောက်ဆောင်ဘက် ခမ်းလေးတို့အိမ်လေးရှေ့ ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဖေဖေမေမေအပြင် ဦးဦးတို့ကပါ အနားသို့ပြေး၍လာကြသည်မှာ လျှင်မြန်လွန်းလှသည်။ လျှင်မြန်ဆို ခမ်းလေးတောင်ဆိုင်ကယ်ပေါ်ကမဆင်းရသေးဘူးလေ။
"သမီးလာ"
ခမ်းလေးကိုချိုင်းမှမ၍ ဖေဖေက ဆိုကယ်ပေါ်မှချပေးလေတော့သည်။
"ဖေဖေ"
"သမီးလက်ဘာဖြစ်သွားသေးလဲ နာသွားသေးလားသမီး ဟွန်.."
မေမေကခမ်းလေးလက်ကိုဖြန့်၍ကြည့်သလို ဖေဖေရောဦးဦးလေးတို့ရောကလဲ သိချင်စိတ်ဖြင့် ခမ်းလေးကိုကြည့်နေကြတော့သည်။
"ဘာမှမဖြစ်ပါဘူးမေမေရဲ့ မီးမီးလက်မနာဘူး အကောင်းကြီး "
"မရဘူးသမီးရာ လာလက်ကိုဆေးထည့်ပေးမယ် "
"ဦးဦးလေးကလဲ လက်ကအပေါက်လဲမရှိပဲနဲ့ဘယ်ကိုဆေးထည့်မို့လဲ အခုကဘာမှမဖြစ်တော့ဘူးလေ ယောင်တာလဲပျောက်သွားပြီ"
"လက်ကယောင်တောင်ယောင်သေးတာလား"
"ဟုတ် နဲနဲလေးပဲ ခုပျောက်ပြီဦးဦးလေးရဲ့ ကြည့် အကောင်းကြီး"
သမီးက လက်ကိုဟိုဘက်ဒီဘက်လှန်၍ပြသည့်အခါတိုင်း လွန်းငယ်တို့ရင်ပူရမြဲဖြစ်သည်။
"သမီးကိုအဲ့ကောင်တစ်ခုခုလုပ်သေးလားသမီး သမီးတစ်ခြားနေရာရောခိုက်မိသေးလား"
အစကတော့ ပူတင်းလေးအနားဘာဖြစ်၍ ဝိုင်းအုံနေကြမှန်းမသိ ဘာအကြောင်းပြောနေကြမှန်းလဲ ဆက်ဆက်မရဖြစ်နေပေမယ့်လဲ တီလေးလွန်းရဲ့ အဲ့ကောင်ဆိုသည့်စကားကြောင့် ခွန်းစစ်လည်ပင်းတို့ရှည်သွားရသည်။
"ဘယ်ကောင်လဲတီလေး "
"သမီးပါးရိုက်ခဲ့တဲ့ကောင်"
"လက်နာသွားသေးလား အဲ့ကောင်ကဘာလုပ်လို့လဲကိုကို့ကိုပြော"
ကိုကိုကပါ ဖေဖေတို့ကြားတိုးဝင်၍ ခမ်းလေးပခုံးကိုဆွဲလှုပ်ကာ ပြောလာသည့်အခါ ခမ်းလေးစိတ်တောင်ရှုပ်လာရသည်။ ရိုက်လာတာခမ်းလေးပါဆိုမှ ခံရတာမှမဟုတ်ပဲလေ။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."