49 🌿 (U&Z)

6.7K 197 4
                                    

အပိုင်း - ၄၉
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ခြံထဲမှ ဖေဖေဝယ်ပေးထားသော သစ်ခွပန်းပင်ကလေးများကို အချိန်ပေးပြီးပြုစုဖြစ်သည်။ မမူက သူလုပ်ပေးမည်ဟုပြောသော်လည်း ကျောင်းပိတ်တုန်းလေး ခမ်းလေးကူမည်ဟုပြော၍ ခွင့်တောင်းထားပြီဖြစ်သည်။

"မမောဘူးလားကွ"

"မမောပါဘူးကိုကိုရဲ့ ပင်ပန်းတဲ့အလုပ်လဲမဟုတ်ဘူး"

"မောရင်လာထိုင်နော် ကိုကိုစောင့်နေမယ်"

"ဟုတ်"

ရေဖျန်းဗူးလေးနှင့် လိုက်ဖျန်းနေသည့်ပူတင်းလေးဟာ ဆံနွယ်ရှည်တို့ကို စီးထားပြီး ချစ်စရာကောင်းသည့်မျက်နှာလေးဟာ ထင်း၍နေ၏။ အစိမ်းနုရောင်လက်ပြတ်အင်္ကျီကလေးကို ကော်ဖီရောင်ဘောင်းဘီတိုလေးထဲ စတိုင်ကျစွာထည့်ဝတ်ထားပုံမှာ လွတ်လပ်ပေါ့ပါးသည့် အသွင်အပြင်ကိုပေါ်လွင်စေသည်။ ဆောင်း၏ နေ့အပူရှိန်ဟာ နွေရာသီ၏နေ့အပူရှိန်ကိုမမှီသော်လည်း ပူတော့အတော်လေးပူရှာသည်။ ပန်းပင်မျိုးစုံဖြင့် စီရီဖူးပွင့်နေသည့်ခြံအတွင်း ပန်းပင်ရေလောင်းသူ ထိုရေလောင်းသူကိုထိုင်ကြည့်သူတို့ဖြင့် သာယာလှပနေရှာသည်။

ကိုကို့အနားတွင် သံပုရာရည်လေးထိုင်သောက်တော့ နဖူးတွင်စို့နေသည့် ချွေးစလေးနည်းနည်းကို ကိုကိုကသုပ်ပေးလေသည်။

"ကိုကို"

"အွန်း"

"ဒန်းစီးချင်လို့"

"ကိုကိုလွှဲပေးမှာပေါ့"

ကိုကိုနှင့်ဆို ဒီလိုကိုဖြစ်နေရမယ်လေ။ ခမ်းလေးတစ်ခုခုလုပ်ချင်တယ်ပြောတိုင်း ကိုကိုကသူရှိပါတယ်၊ သူဖြည့်ဆည်းပေးပါမယ်ဆိုပြီး အမြဲအသင့်ရှိနေရမယ်လေ။ ဒီလိုဖြစ်ဖို့ကလဲ ခမ်းလေးစိတ်ကိုနားလည်မှပေါ့။

ကိုကိုလွှဲပေးသည့် ဒန်းလေးပေါ်တွင် ခမ်းလေးထိုင်ရင်းမှ ပျော်စရာအတွေးကလေးများဝင်ရောက်လာတော့သည်။

"ကိုကို"

"အွန်း"

"နောက်နှစ်တိုင်းနှစ်တိုင်းလေ ဗန်ဒါစေ့စားချင်တယ်လို့ပြောရင် ခမ်းလေးလက်ကိုဆွဲပြီးဗန်ဒါပင်အောက်မှာ ကိုယ်တိုင်သွားထုပေးအုံးမှာလားဟင်..."

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now