အပိုင်း - ၄၄
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖ဒံပေါက်များတဝကြီးစားထားသောကြောင့် ခမ်းလေးတို့မှာ နေ့လည်စာလွတ်၍ ညစာစားဖို့အချိန်ကပ်မှ အသီးသီးဗိုက်သိပ်ဆာကြတော့သည်။ ရေခဲသေတ္တာထဲအအေးခံထားသည့်ဟင်းများကို ကိိုကိုကနွှေးပြီး ခမ်းလေးကထမင်းချက်သည်။ ထို့နောက်ထမင်းအကျက်ကိုစောင့်၍ ကာတွန်းကားထိုင်ကြည့်လိုက်ကြသည်။
"ထမင်းကျက်လောက်ပြီထင်တယ်ပူတင်းလေး"
"သွားကြည့်လိုက်မယ်ကိုကို"
သူ့ရင်ခွင်ထဲမှထွက်ကာ ပြေးထွက်သွားသည့်ပူတင်းလေးကို သူကာတွန်းကားဆက်ကြည့်၍စောင့်လိုက်သည်။
သူ့ဘေးသို့ ဖြေးညှင်းစွာလျှောက်လာပြီး ဘေးတွင်ဝင်မထိုင် အနားတွင်ရပ်နေသည်ကြောင့် ပူတင်းလေးကိုမော့ကြည့်လိုက်တော့ မျက်နှာလေးပျက်နေရှာသည်။ လက်ဖဝါးသေးသေးလေးနှစ်ဖက်ကို ယှက်လျှက် စိတ်လှုပ်ရှားစွာ ရပ်နေသူလေးက သူ့ကိုမရဲတရဲလေးကြည့်သည့်အခါ ပြောစရာရှိလျှင်ပြောပါဆိုသည့်အတိုင်း သူမေးဆက်ပြလိုက်သည်။
"ဟိုကိုကို"
"အွန်း"
"ကိုကိုဗိုက်ဆာနေပြီပေါ့နော်"
"အေးပေါ့ ဆာပြီပေါ့"
"ဟိုဟာလေ ခမ်းလေးထမင်းကချက်လိုက်ပါတယ် ဒါပေမယ့်လေ..."
"ပြောပါကွ ကိုကို့ကိုဘာကြောက်စရာရှိလဲ"
"ဟုတ်... ခလုတ်နှိပ်ဖို့မေ့သွားလို့ အဲတာအခုမှနှိပ်လာတာ"
"ဘယ်လို"
"ထမင်းအိုးတည်တာ ခလုပ်မနှိပ်ခဲ့ရဘူးလို့ကိုကိုရဲ့ "
ကိုကိုက မျက်ခုံးနှစ်ဖက်ကိုကျုံ့၍ ရယ်သလိုလိုမရယ်သလိုလိုနှင့်ကြည့်သည်။
"ကိုကိုစိတ်မဆိုးပါနဲ့ ခဏနေကျက်တော့မှာပါကိုကိုရဲ့ ခဏလေးပဲနော် နော်..."
မျက်နှာငယ်နှင့်တောင်းပန်သလိုလေးကြည့်နေသည့်ပူတင်းလေးပုံစံကို တအားသဘောကျရပြီး ရယ်ချင်လှပါသည်။ သူအံကျိတ်ထိန်းရင်းမှ လက်မှဆွဲ၍ သူ့ပေါင်ပေါ်ထိုင်စေလိုက်သည်။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."