41 🌿 (U&Z)

10.4K 288 10
                                    

အပိုင်း - ၄၁
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖
(Unicode)

ကိုကို့စကားနှင့်တောင်းဆိုမှုကြောင့် ခမ်းလေးတို့ အိမ်ပြောင်းကြရန်စီစဉ်ထားပြီးဖြစ်သလို ဖေဖေတို့ကလဲခွင့်ပြုလေသည်။ ဖေဖေခွင့်ပြုသည်ကလဲ ခမ်းလေးကြောင့်ဖြစ်သည်။

​"ဦးသော်"

"ရီလေး"

ဦးသော်မျက်လုံးထဲ ဘာကြောင့်မှန်းမသိ ဝမ်းနည်းမှုများရှိနေသလို ခမ်းလေးကိုလွမ်းဆွတ်ဆွတ်ကြီး ကြည့်နေလေသည်။

"ဦးသော်နောက်ကျသွားပြီ"

"ဦးသော်ခရီးသွားတာမလား နောက်မကျပါဘူးဦးသော်ရဲ့"

"ဦးသော်နောက်ကျသွားပြီရီလေး"

ဦးသော်ဘာကိုဆိုလိုပြီးပြောနေသလဲကို ခမ်းလေးမသိတော့ပြီမို့ ရယ်သာပြလိုက်သည့်အခါ ခမ်းလေးကိုလာဖက်လေသည်။

"ဦးသော်..."

"နောက်ကျသွားပြီကွာ"

"ဦးသော်ငို...ငိုနေတာလား"

ဦးသော်အသံက ငိုနေမှန်းသိသာသည်ကြောင့် ခမ်းလေးလဲဆက်မရုန်းပဲ ငြိမ်ကာကျောပြင်က်ိုပုတ်ပေးလိုက်သည်။ ဘာလို့မှန်းမသိပေမယ့် ဦးသော်ကို နှစ်သိမ့်ပေးရမယ်လေ။

"ဦးသော်ဘာစိတ်မကောင်းစရာရှိလို့လဲဟင် မီးမီးကိုပြောလေ"

သော်ဇင်မရှိသည့်အချိန်အတွင်း ရီလေးနှင့်သူ့ကြားစည်းကြီးခြားသွားသည်ကို အ​စောကလေးတင်မှ သူသိခဲ့ရခြင်းပင်။ အကြီးဖြစ်သည့်သူက ခံစားချက်ရှိသော်ငြား အချိန်မတန်သေးဘူးထင်၍ ချုပ်တည်းခဲ့သည်။ ယခုတော့ သူဘာဆက်လုပ်ရမည်လဲ ရီလေးကိုတစ်ခြားသူကပိုင်သွားပြီတဲ့။

"ဦးသော်"

"အွန်း ဦးသော်ဘာမှမဖြစ်ဘူး"

"ဦးသော်တစ်ခုခုဖြစ်နေပါတယ် ပြောမီးမီးကို"

"တကယ်ကွ ဒါနဲ့ရီလေးသွားစရာရှိတာလား"

"ဟုတ် ကိုကိုပစ္စည်းတွေသယ်နေလို့စောင့်နေတာ"

ဦးသော်ကို ကိုကိုနှင့်လက်ထပ်တာကို ပြောသင့်လားမသိ၍ စကားမှားမည်ဆိုးကာ ဆက်မပြောတော့ပေ။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now