36 🌿 (U)

10.4K 253 17
                                    

အပိုင်း - ၃
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ညကစိတ်ထိန်းပါရက်နှင့် ပွဲကြမ်းမိသွားသည့်ခွန်းစစ်မှာ ပူတင်းလေးကိုသနားမိသည်။ အရွယ်ရောက်ပြီးသားယောက်ျာလေးဖြစ်သော်ငှား ဒီလိုကိစ္စမျိုးကို ယခုအသက်အရွယ်ထိ မည်သူနှင့်မှမထိတွေ့ဖူးခဲ့သည်ကြောင့် ပူတင်းလေးအပေါ်အလွန်အကျွံဖြစ်ခဲ့သည်ဖြစ်မည်။ ဘယ်လောက်တောင် အရူးအမဲသားကျွေးဖြစ်သလဲဆိုလျှင် ပူတင်းလေး မနက် ၁၁ နာရီရောက်သည်တောင် တစ်စက်ကလေးနိုးမလာသည်အထိ ညကရူးခဲ့မိပါသည်။

"ကိုဆန်းသစ်တို့ဘက်ရော ပူလားဗျ"

"ပူတာပေါ့ကွာ ကိုယ်တို့လဲညဆိုသစ်ပင်အောက်သွားအိပ်တာ အိမ်ထဲကိုမအိပ်နိုင်ဘူး"

"ကျွန်တော်တို့ရောပူလို့ဗျ ဒါတောင်ပြူတင်းပေါက်ဖွင့်ထားလို့တော်သေးတာ မဟုတ်ရင်တော့ပူလို့လှောင်းလို့"

"ပူတယ်သာပြောတာ မင်းဇနီးကအိပ်နိုင်သားပဲကွ"

"ဒါက နဲနဲဇနီး​လေးကကပင်ပန်းနေလို့အကိုရ"

"ဟားဟား... ဟုတ်သားပဲကွ"

ကိုဆန်းသစ်က ရယ်သည့်အခါ သူကိုယ်တိုင်လဲရှက်ရသည်။ ဘာလို့မှန်းမသိ မင်္ဂလာဦးညကို အတူဖြတ်သန်းပြီး ပြန်တွေးကြည့်ရင် ရင်ခုန်ပြီး စိတ်ထဲကြည်းနူးရင်း တစ်ခြားလူတွေသိပြန်ရင်လဲ ရှက်ရသည်။ ပူတင်းလေးဆို ပိုရှက်တော့မှာကို တွေးရင်း ခြံထဲမည်သူ့ကိုမှ ရှိမနေစေချင်တော့ပေ။

"ဘယ်နှနာရှိပြီလဲကိုကို"

"၁၁ ခွဲ"

"ဟယ် နေမြင့်နေပြီပဲ"

"အိပ်ပါ ပူတင်းလေးပင်ပန်းထားတာလေ အိပ်အိပ်ရတယ်"

"ဘာကိုပင်ပန်းလို့လဲကိုကိုရဲ့ "

"အဟင်း... ညက ကိုကိုတို့အတူ...."

"ညက ညက ....ညကဘာဖြစ်လို့လဲ"

ကိုကို့အပြောကို စဉ်းစားမိတော့ ခဏတော့ဘာမှမပေါ်လာသေးပေ။ ထို့နောက် ကိုကိုပေးသည့်နာကျင်မှုများကို တစ်စတစ်စပြန်အမှတ်ရလာသလို လူကနာကျင်နေမှန်းသတိထားမိတော့သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now