ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း - ၂၈
တစ်နှစ်ခန့်ကြာသော်....
ကျောင်းတတ်ရပြီဖြစ်သည့်ပူတင်းလေးဟာ ခွန်းစစ်ကိုပင်မေ့နေတတ်သည်။ ဖုန်းဆက်ရမည့်အချိန်လဲဖုန်းမဆက် ကျောင်းတွင်ဖြစ်ပျက်သည့်တစ်နေ့တာကိုလဲ အကုန်မပြောပြတော့ပေ။ တစ်ခါတစ်ခါ စကားထဲ၌ စီနီယာအကိုကြီးများအကြောင်းလဲ ပါတတ်သေးသည်။
"မေမေ"
"ကိုကိုရောဟင်"
"သမီးကိုကိုအလုပ်သွားတယ်လေသမီးရဲ့"
"ဒီနေ့နားတယ်ထင်လို့ အပြင်လိုက်ပို့ခိုင်းမလို့ပါဆိုမှ ကိုကိုကအားလဲမကိုးရဘူး"
ပူတင်းလေးနှင့်နီးအောင် ရုံးကိုနေပြည်တော်သို့ပြောင်းလာပေမယ့်လဲ ယခုတစ်ခါလို နှစ်ယောက်သားလွဲတတ်သေးသည်။ သို့ပေမယ့် ဒီကို သူတစ်ယောက်ထဲပြောင်းလာခြင်းတော့မဟုတ်ပေ။
"ရီလေးအပြင်သွားချင်ရင်ဦးသော်လိုက်ပို့မယ်လေ"
"ဦးသော်အားလို့လား"
"ဒီနေ့ဦးသော်နားရက်မလို့အကို့ဆီလာလည်တာ ပြောရီလေးဘယ်သွားချင်လဲ"
"အဲ့တာဆိုလဲ ကိုကို့ Center ကိုလိုက်ပို့ပေးနော်ဦးသော် မီးမီးဝယ်စရာရှိလို့"
ခမ်းလေးကအင်္ကျီသွားဝယ်မှာဆိုတော့ အချိန်ကြာမည်မို့ ဖေဖေ့ကိုမခေါ်သွားတော့ပဲ ကိုကို့ရှာမိသလို ကိုကိုမရှိတော့လဲ ဦးသော်ပဲပေါ့။
"ဦးသော် ဒီဟာလေးလှလား"
"ရီလေးအတွက်လား"
"သူငယ်ချင်းအတွက် မနက်ဖြန်သူ့မွေးနေ့ မီးမီးလက်ဆောင်ပေးချင်လို့"
"အွန်း ဒါလေးမဆိုးဘူး"
"အာ့ဆိုဒါလေးယူမယ်"
အင်္ကျီရွေးပြီးသည်နှင့် နာရီလေးသွားရွေးရသည်။
"ဈေးအကြီးဆုံးလေးပြပေးနော်မမ မိန်းခလေးဝတ်လေး"
ဝန်ထမ်းမမဟာ နာရီနှစ်လုံးကိုခမ်းလေးရှေ့လာချပေးလေသည်။ နှစ်လုံးလုံးကအရမ်းလှ၍ ရွေးရခက်သည်။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."