အပိုင်း - ၄၀
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖"ဖေဖေ"
သတိရနေပြီး သူ့ကိုမျက်နှာငယ်နှင့်ကြည့်နေသည့်သမီးကို စိတ်မကောင်းခြင်းများစွာနှင့် အနားသွားကာထိုင်လိုက်သည်။
"ဖေ့ဖေ့အတွက်ကလေ သမီးရယ် ဖေ့ဇနီး သမီးရဲ့မေမေရယ် ဒီနှစ်ယောက်ကဖေ့ရဲ့အသက်သွေးကြောကွ"
"ေဖေဖေတြးထားတာ ဖေ့သမီးက်ိုတစ်သက်လုံး ဖေဖေ့အရိပ်အောက်မှာထားနိုင်လိမ့်မယ်ပေါ့ အဲ့စိတ်ကြီးနဲ့ဖေဖေနေလာခဲ့တာ"
"အခုကျတော့ ဒီဖြစ်ရပ်ကြီးကိုဖေဖေမယုံနိုင်သလို လက်လဲမခံချင်ဘူး လူကြီးဖြစ်တဲ့ဖေဖေက ဒါကိုလက်ခံဖို့ထိ မကြိုးစားမိဘူးသမီး"
"ဖေ့သမီးစိတ်ဆင်းရဲတာကိုဖေဖေက မျက်လုံးစုံမှိတ်ပြီးနေခဲ့တာ တစ်ဦးတည်းရှိတဲ့ဖေဖေ့အချစ်ဆုံးသမီးလေးကို စိတ်ဒဏ်ရာပေးမိတာ..."
သမီးလက်ကိုကိုင်၍ ဦးက စကားတွေပြောသလို လွန်းငယ်လဲသမီးလေးဘေးထိုင်ကာ သားဖနှစ်ယောက်ကို ကြည့်၍ပျော်မိသည်။ ဦးလက်ခံခဲ့ပြီပဲ။
"သမီးအခုကစလို့ ဖေဖေ့ကြောင့်မငိုရတော့ဘူး သမီးစိတ်ပျော်တာအားလုံးဖေဖေခွင့်ပြုတယ်"
"ဖေဖေ့ အဟင့်..."
"မငိုရဘူးလေ ဖေ့သမီးကအားနည်းနေတုန်း မငိုရဘူး"
"ဖြစ်ခဲ့တာတွေအတွက်လဲ ဖေဖေတောင်းပန်တယ် ဖေဖေအသိလွတ်သွားတာအတွက်လဲနောင်တရမိတယ် ဖေဖေ့ကိုသမီးခွင့်လွှတ်ပေးမလားသမီး..."
"အွန်း မီးမီးစိတ်ထဲဖေဖေကအရင်လို မီးမီးကျိုသိပျခဈြတဲ့ဖဖေပေါပဲ အခုထိမပြောင်းဘူး ဖေဖေမှားထားတာမရှိလို့ ဖေဖေမတောင်းပန်ပါနဲ့ အဟွတ်...အဟွတ်"
"စကားတွေတအားမပြောနဲ့ သမီးမောနေမယ်လေ"
ဖေဖေ့ကိုကြည့်၍ ခမ်းလေးငိုမိသည်။ ဖေဖေ့ကိုမချစ်တော့ဘူးဟု တစ်နေ့ကပြောမိသည်ကို ပြန်တွေးမိတော့စိတ်ထဲမကောင်းပေ။
"မီးမီးကိုခိုးလို့ ကိုကို့ကိုရောရိုက်အုံးမှာလားဖေဖေ"
ဖေဖေက ခမ်းလေးကိုပြုံး၍ကြည့်သလို နံရံဆီကပ်၍ လက်လေးနောက်ပစ်ကာ ခေါင်းငုံ့ပြီးရပ်နေသည့် ကိုကို့ကိုလဲ နောက်ပြန်လှည့်ကြည့်လေသည်။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."