43 🌿 (U&Z)

9.3K 281 10
                                    

အပိုင်း - ၄၃
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

အိမ်တွင် ကိုကိုနှင့်သန့်ရှင်းရေးလုပ်ကြရာဝယ် သီချင်းလေးဖွင့်၍ အတူသန့်ရှင်းရေးလုပ်ကြသည်။ သီချင်းပေါင်းများစွာကို ခမ်းလေးကဆိုသည့်အခါ ကိုကိုကပါကီးမကိုက်ပဲလိုက်ဆိုလေသည်။ ဒါ့ကြောင့်မျက်စောင်းထိုးပြီးလိုက်မဆိုဖို့တားမှ ငြိမ်ပေးလေသည်။ ဒီကိုကိုဆိုလဲမဆိုတတ်ပဲနဲ့တအား။

ကြက်တောင်မွှေးလေးကိုင် စကပ်ပိတောက်ခြောက်ရောင်ဒူးအထပ်ဝဲဝဲလေးကိုဝတ်ပြီး ဖင်လေးလှုပ်တုတ်လှုပ်တုတ်နှင့် ကနေသူလေးကို ခွန်းစစ်ကြည့်ရင်း အသည်းတွေအူတွေယားလှသည်။ သီချင်းလေးဆိုဆိုပြီး ကဲနေလိုက်တာများကွာ။

"ကိုကိုဒီသီချင်းလေးကြိုက်တယ်တော့"

ခမ်းလေးပြောတော့ကိုကိုက ကြည့်လေသည့်အခါ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ကိုကိုက ပါးချိုင့်လေးပေါ်အောင် တအားပြုံးသွားသည့်အခါ ကြက်တောင်လေးကို မိုက်သဏ္ဍန်ပြုလုပ်၍...။

"ကိုကို ကိုကိုဆိုပြီးတော့ ဘယ်သူ့ကိုချွဲရမှာလဲ.."

"ဟ... ဒီကောင်တစ်ယောက်လုံးရှိတာဘယ်ကောင့်သွားချွဲချင်သေးလို့တုန်း"

"စောင်ခြံမလုံနိုင်အောင်ချမ်းလွန်းတော့ ဘယ်ရင်ခွင်တိုးလို့ဝင်မလဲ"

"ဟ...ကိုကို့ရင်ခွင်ဆီမဝင်လို့ ဘယ်ကောင့်ဆီဝင်ချင်တာတုန်း"

"ငိုချင်စရာတွေတွေ့ခဲ့ရတော့ ဘယ်သူလာနှစ်သိမ့်မှာလဲ"

"ဘယ်ကောင့်ကိုမျှော်နေတာလဲ အေးသတ္တိရှိရင် နောက်တစ်ယောက်ကိုမျှော်ကြည့်လိုက်လေ ခွန်းစစ်တဲ့တစ်စစ်ပဲရှိတယ်"

"ကိုယ်ပူကာဖျားခဲ့တော့ ဘယ်သူလာကာဆေးတိုက်မှာလဲ"

"အိမ်မှာဆေးအကုန်ရှိတယ် စိတ်မပူနဲ့ကိုကိုတိုက်မယ်"

"သိပ်ချစ်မိလို့သိပ်လွမ်းရတယ်"

"ဒါပေါ့ နီးနီးလေးတောင်လွမ်းနေတယ်မလား..."

"ထားခဲ့ရက်သူရယ်"

"ထားခဲ့မယ်လို့ ဘယ်ကောင်ပြောလဲ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now