34 🌿 (U)

7.9K 238 22
                                    

အပိုင်း - ၃၄
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

အိမ်ပြန်ရောက်သည်နှင့် အင်္ကျီလေးလဲမည်လုပ်နေသည့်ပူတင်းလေးကို ခဏတားထားရသည်။

"ကိုကိုဘာလုပ်မလို့လဲ အင်္ကျီလဲချင်ပြီကိုကိုရဲ့"

"ခဏလေးပဲ ကိုဆန်းသစ်ကိုစောင့်နေတာ လာတော့မယ်တဲ့"

သရက်ပင်ကြီးအောက်မှ ခုံလေးပေါ်ထိုင်၍ ခမ်းလေးထိုင်စောင့်သည့်အခါ ကိုကိုကဘေးတွင်ဝင်ထိုင်သည်။ လူဘေးအတင်းကြီးကပ်ထိုင်နေသည့်အခါ တံတောင်ဆစ်နှင့်တွန်း၍ ထောက်ထားပစ်သည်။

လေလေးတဟူးဟူးနှင့် နေလို့ကောင်းသလို ထိုလေးလေးထဲ ဆံနွယ်လေးများ လွင့်နေသည့်ပူတင်းလေးကြောင့် မေးထောက်​၍ ကြည့်မိသည်။ ဒါကိုသိတော့ ရှက်သွားသူလေးက သူ့ကိုကျောပေး၍ ဘေးတစ်စောင်းလေးပြောင်းထိုင်လေသည်။ ယခုဘယ်လိုဖြစ်နေသလဲဆိုလျှင် ခုံတန်းပေါ်တည့်တည့်မထိုင်ကြပဲ နှစ်ယောက်သား ဘေးတစ်စောင်းကြီးများထိုင်နေခြင်းပင်။

"မှာထားတဲ့ဆိုင်က ဖွင့်တာနောက်ကျလို့အကိုကြာသွားတယ်ကွာ"

"ရပါတယ်ဗျ အကိုကောင်းကောင်းသုံးတတ်တယ်မလား "

"ဒါပေါ့ကွ ပုံကောင်းစေရမယ်"

"ဒါဆိုရပြီ ပူတင်းလေးထ"

"ကိုကိုဘာလုပ်မလို့လဲ"

"ဓာတ်ပုံရိုက်မလို့ပေါ့ကွ ကိုကိုဓာတ်ပုံရိုက်ချင်လို့ camera သွားဝယ်ခိုင်းထားတာ နေအုံး လက်ထပ်စာချုပ်လေးတွေသွားယူပေးမယ်"

ကိုကိုကအိမ်ထဲဝင်ပြေးသွားသည့်အခါ အကိုကြီးဆန်းသစ်ကို အို့တို့အမ်းတမ်းနှင့် ပြုံးပြရသည်။

နဂါးမောက်ခြံကြီးအတွင်း ပန်းအလှများလဲစိုက်ပျိုးထားသည်ကြောင့် ပုံရိုက်ရန်မြင်ကွင်းမှာ လှပလေသည်။ အပြာရောင်စုံတွဲလေးမှာ အပြာရောင်လက်ထပ်စာချုပ်လှလှလေးကို ကိုယ်စီကိုင်၍ ပန်းပင်လေးများကြား ပုံစံအမျိုးမျိုးထုတ်၍ ပုံရိုက်သည်။

ကျန်သည့်အချိန်ကိုကိုနှင့်အတိုင်အဖောက်ညီချင်မှညီလိမ့်မည်ဆိုပေမယ့် ပုံရိုက်လျှင်တော့ ခမ်းလေးတို့သိပ်ကိုညီပါသည်။ ခမ်းလေးပခုံးကိုဖက်၍တစ်ခါ၊ ခါးကိုဖက်၍တစ်ဖုံ၊ မေးကိုကိုင်ပြီးပါ ပုံလှလှလေးများထွက်အောင် က်ိုကိုကသေချာရိုက်ခိုင်းလေသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now