အပိုင်း - ၃၂
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖"ကိုကိုတို့ပြန်လို့မရဘူးပူတင်းလေး"
"အဟင့်...ဘာလို့လဲ"
"ကိုကို...ကိုကိုပူတင်းလေးကိုခိုးလာတာ ကိုကိုတို့အခုပြန်လို့မရဘူး"
"ခိုးလာလဲပြန်မယ် အဟင့်...ပြန်မယ် "
"အဟင့်...ဟင် ခိုးလာတာလား"
"အွန်း"
ကိုကို့စကားကို နားမလည်သလို ဘယ်လိုတွေးရမလဲလဲမသိတော့ပေ။
ငေါင်ငေါင်လေးဖြင့် ထိုင်ခုံပေါ်သွားထိုင်သည့်ပူတင်းလေးကြောင့် ခွန်းစစ်နောက်မှလိုက်သွားလိုက်သည်။
"မောင်နှမတွေဆို"
"ကိုကို့ဘက်ကမောင်နှမထက်ပိုတယ်"
"ကိုကိုပဲမောင်နှမဆို"
"ငယ်ငယ်ကတော့မောင်နှမပဲ ကြီးတော့ကိုကိုမတော်ချင်တော့လို့ ရပ်ထားတာ အခုမောင်နှမမဟုတ်တော့ဘူး"
"ကိုကိုခမ်းလေးကို ချစ်တယ်ဆို"
"ချစ်လို့ခိုးလာတာလေ"
"အဲ့လိုမဟုတ်ဘူး ရိုးရိုး"
"ကိုကို့ဘက်ကပိုတယ်လို့ပြောထားတယ်မလား"
ကိုကို့စကားများကို ဘယ်နားဖြင့်နားထောင်ရမလဲမသိ။ ခမ်းလေးတွေးထားတာ တကယ့်မောင်နှမလို့လေ။
"ကိုကိုမရိုးသားဘူး....ခမ်းလေးက ရိုးရိုးသားသားပဲထင်တာ ကိုကိုမရိုးသားဘူး"
အောက်ကိုငုံ့ကာ မျက်ရည်တွေကျ၍ပြောနေသည့်ပူတင်းလေးကို ဘယ်လိုရှင်းပြရမလဲမသိပေ။
"ခမ်းလေးကို...ခမ်းလေးကိုခိုးလာတယ် အဟင့်..."
"အခြေနေအရမလို့ကိုကိုခိုးလာမိတာပါ ကိုကို့ကိုနားလည်ပေးနော်"
"ဟင့်အင်း နားမလည်ဘူး ခမ်းလေးတို့ကမောင်နှမကို ကိုကိုအဲ့လိုလုပ်လို့မရဘူး"
"ကိုကိုတို့က ဘယ်နားသွေးသားတော်လိုက်လဲကိုကို့ကိုထောက်ပြ"
စဉ်းစားသော်လည်း ထိုအဖြေကထွက်မလာ။
"ကိိုကိုပြောတာလေ သွေးသားမတော်လဲ မောင်နှမဆို ကိုကိုပြောတာရော..."
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."