48 🌿 (U&Z)

6.9K 269 5
                                    

အပိုင်း - ၄၈
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ကျောင်းပိတ်ပြီဖြစ်သလို ခမ်းလေးလဲအားပြီမလို့ မမမူနှင့်ကြီးမေတို့ သားမိကိုဒီနေ့မလာခိုင်းတော့ပဲ ခွင့်နှစ်ရက်ပေးလိုက်သည်ကြောင့် အိမ်ကြီးတွင် ကိုကိုနှင့်နှစ်ယောက်ထဲသာရှိသည်။ ညက သောက်ထားသည့်အရှိန်ဟာ ခေါင်းကိုကိုက်စေပြီး လူကိုမလန်းဆန်းအောင်ပြုလုပ်ထားလေသည်။ ကိုကို့ကိုဘာဖြစ်တယ် ညာဖြစ်တယ်နှင့်လဲ ထုတ်မပြောရဲပါပေ။ ဘာလို့ဆို ကိုကိုက စိတ်ဆိုးနေတုန်းကိုး။

"ကိုကို"

"ပြောကြည့်"

"ကိုကိုဘာလုပ်နေတာလဲဟင်"

"ဂိမ်းဆော့နေတာ"

"ကိုကိုမပျင်းဘူးလား"

"ဘယ်လိုထင်လဲ"

"ကိုကိုကလဲ ခမ်းလေးပျင်းလို့ အတူဆော့ပေးပါဆိုမှ"

"ပျင်းရင်ဖက်တီးတို့နဲ့အရက်လေးဘာလေးထွက်သောက်လေ သွားပါဘာဖြစ်လဲသောက်လို့ရတယ်သွား"

"ကိုကိုနော်"

"အော်...လိုက်ပို့ပေးရမှာလဲ လိုက်ပို့ဆိုပို့ပေးမယ် အိမ်ကအရက်တွေပါထည့်သွားပေါ့ ဟိုရောက်တော့သူငယ်ချင်းတွေနဲ့အကြိုက်သောက်လေ"

"အင့်ဟယ်..."

လူကိုရွဲ့ကာ ပြောလာသည့်ကိုကို့ကို မျက်လုံးထောင့်ကပ်၍ကြည့်ပြီး နောက်ကျောကို သုံးချက်ဆင့်ထု၍ ထားပစ်ခဲ့သည်။

"နဲနဲလေးသောက်လို့ မူးတာပါဆိုမှ လူကိုအရက်သမားမှန်းထင်နေလားမသိဘူး တွေ့မယ် မခေါ်ဘူး...ယူရီခမ်းငယ်တဲ့ တစ်ယောက်ထဲရှိတာ ဘာမှတ်နေလဲမခေါ်ဘူး ဟွန်း...."

ခဏအကြာတွင် အပြောနှင့်အလုပ်မညီစွာ ကို့ကို့အနားပြန်ရောက်နေပြန်သည့်ခမ်းလေးဟာ ဗိုက်ဆာ၍ဖြစ်သည်။

"ကိုကိုဗိုက်ဆာလို့လား"

"မဆာပါဘူး"

"ဟမ်... ကိုကိုကဗိုက်ဆာလို့ဟုတ်လား"

"မဆာဘူးကွ"

သူ့ကို မျက်တောင်ပုတ်ခက်ပုတ်ဖြင့် ကြည့်ကာ လူလည်လေးလုပ်နေပုံများ ထိပ်လေးကိုထုချင်စရာပင်ဖြစ်သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now