51 🌚 (U&Z)

9.2K 241 9
                                    

အပိုင်း - ၅၁
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ဆောင်းရာသီ၏ မနက်ခင်းလေးဟာ ချမ်း၍အနွေးထည်လေးဝတ်ရသည်အထိ အေး၏။ ကိုကို့ကြောင့် အစောထလာရသည့်ခမ်းလေးမှာ အိပ်ချင်မူးတူးလေးဖြင့် ခြံထဲရှိဒန်းလေးပေါ်ထိုင်နေရတော့သည်။

"ပူတင်းလေး"

"အင်း"

မျက်လုံးနှစ်ဖက်ကိုမှေး၍ သူ့ကိုကြည့်ပြီး လက်လေးပိုက်ကာ ပြန်ငုံ့ကာငိုင်နေသည့် ပူတင်းလေးကြောင့် ပခုံးမှဆွဲလှုပ်နှိုးလိုက်သည်။

"ကိုကို အင်း...ပြော"

"ကိုကိုပေးစရာရှိလို့"

"အွန်းပေး..."

လက်လေးတစ်ဖက်ဖြန့်ကာ မျက်လုံးစုံမှိတ်ပြီး တောင်းရှာသည်။

"ဒန်..ဒန်း..ဒန်.."

ခမ်းလေးမျက်နှာရှေ့မှ ကိုကို့လက်ဖဝါးလေးကို မျက်လုံးအားယူဖွင့်၍ကြည့်ရသည်။

"အို..."

ပူတင်းလေးနဲ့ကိုကို့အတွက်မှာထားတာကွ မနေ့ကပဲရလာတယ် နေ့မကောင်းလို့ကိုကိုမပေးသေးတာ ဒီနေ့ကရက်ကောင်းတယ်ပူတင်းလေးရ အခုလိုမနက်အစောလေးဆို ပိုပြီးကောင်းလို့ပူတင်းလေးကိုအစောနှိုးထားတာ

ခမ်းလေး၏ဘယ်လက်လက်ကောက်ဝတ်ကလေးသို့ လက်ပတ်လေးဝတ်ပေးလေသည်။ ထူးခြားလှသည်။ ကြိုးအပြာလေးဖြင့် ကျစ်ထားသည့်သာမာန်လက်ကောက်ကလေးဖြစ်နေပေမယ့်လဲ ရွှေဖြင့်ပြုလုပ်ထားသည့်အမွှေစိန်ခေါင်းလေးပါနေသည်ကြောင့် ထူးခြားခြင်းဖြစ်သည်။ ရွှေ့ပြားလေးပေါ်တွင် ထွင်းထုထားသည့် အမွှေစိန်ခေါင်းပုံစံလေးဟာ ကြိုးအပြာလေး၏ အလယ်ဗဟိုရ်တွင် မကြီးမသေးအနေအထားဖြင့် ပနံသင့်စွာလှလှလေးတည်ရှိနေ၏။

"ကိုကိုဒါလေးက"

"ပူတင်းလေးကြိုက်တဲ့ အပြာရောင်လေးရယ် အမွှေစိန်လေးရယ်လေ"

မျက်လုံးလေးများက အစောကနှင့်မတူ ဝိုင်းစက်ပြူးကျယ်လာကာ လက်ဆောင်ရ၍ပျော်နေသည့်ကလေးလေးပမာရှိနေသည်။

"အင့်...ကိုကို့ကိုလဲပတ်ပေး"

ကိုကို့လက်ဖဝါးထဲမှ ယူကိုင်လိုက်သည့်လက်ပတ်အနက်လေးဟာ ခမ်းလေးနှင့်ပုံစံတူလေးဖြစ်သည်။ ကိုကို့လက်ကို ခမ်းလေးပတ်တော့ ကိုကိုကပြုံးပြီး ပါးကိုဖိလေသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now