40 🌿 (U)

9.9K 295 10
                                    

အပိုင်း - ၄၀
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

"ဖေဖေ"

သတိရနေပြီး သူ့ကိုမျက်နှာငယ်နှင့်ကြည့်နေသည့်သမီးကို စိတ်မကောင်းခြင်းများစွာနှင့် အနားသွားကာထိုင်လိုက်သည်။

"ဖေ့ဖေ့အတွက်ကလေ သမီးရယ် ဖေ့ဇနီး သမီးရဲ့မေမေရယ် ဒီနှစ်ယောက်ကဖေ့ရဲ့အသက်သွေးကြောကွ"

"ဖေဖေတွေးထားတာ ဖေ့သမီးက်ိုတစ်သက်လုံး ဖေဖေ့အရိပ်အောက်မှာထားနိုင်လိမ့်မယ်ပေါ့ အဲ့စိတ်ကြီးနဲ့ဖေဖေနေလာခဲ့တာ"

"အခုကျတော့ ဒီဖြစ်ရပ်ကြီးကိုဖေဖေမယုံနိုင်သလို လက်လဲမခံချင်ဘူး ​လူကြီးဖြစ်တဲ့ဖေဖေက ဒါကိုလက်ခံဖို့ထိ မကြိုးစားမိဘူးသမီး"

"ဖေ့သမီးစိတ်ဆင်းရဲတာကိုဖေဖေက မျက်လုံးစုံမှိတ်ပြီးနေခဲ့တာ တစ်ဦးတည်းရှိတဲ့ဖေဖေ့အချစ်ဆုံးသမီးလေးကို စိတ်ဒဏ်ရာပေးမိတာ..."

သမီးလက်ကိုကိုင်၍ ဦးက စကားတွေပြောသလို လွန်းငယ်လဲသမီးလေးဘေးထိုင်ကာ သားဖနှစ်ယောက်ကို ကြည့်၍ပျော်မိသည်။ ဦးလက်ခံခဲ့ပြီပဲ။

"သမီးအခုကစလို့ ဖေဖေ့ကြောင့်မငိုရတော့ဘူး သမီးစိတ်ပျော်တာအားလုံးဖေဖေခွင့်ပြုတယ်"

"ဖေဖေ့ အဟင့်..."

"မငိုရ​ဘူးလေ ဖေ့သမီးကအားနည်းနေတုန်း မငိုရဘူး"

"ဖြစ်ခဲ့တာတွေအတွက်လဲ ဖေဖေတောင်းပန်တယ် ဖေဖေအသိလွတ်သွားတာအတွက်လဲနောင်တရမိတယ် ဖေဖေ့ကိုသမီးခွင့်လွှတ်ပေးမလားသမီး..."

"အွန်း မီးမီးစိတ်ထဲဖေဖေကအရင်လို မီးမီးက်ိုသိပ်ချစ်တဲ့ဖေဖေပါပဲ အခုထိမပြောင်းဘူး ဖေဖေမှားထားတာမရှိလို့ ဖေဖေမတောင်းပန်ပါနဲ့ အဟွတ်...အဟွတ်"

"စကားတွေတအားမပြောနဲ့ သမီးမောနေမယ်လေ"

ဖေဖေ့ကိုကြည့်၍ ခမ်းလေးငိုမိသည်။ ဖေဖေ့ကိုမချစ်တော့ဘူးဟု တစ်နေ့ကပြောမိသည်ကို ပြန်တွေးမိတော့စိတ်ထဲမကောင်း​ပေ။

"​​မီးမီးကိုခိုးလို့ ကိုကို့ကိုရောရိုက်အုံးမှာလားဖေဖေ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now