50 🌚 (U&Z)

9.9K 224 12
                                    

အပိုင်း - ၅၀
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ကိုကိုရယ် ဖေဖေရယ် မေမေရယ် ခမ်းလေးရယ် အတူပျော်ပွဲစားလေးထွက်ကြသည်။ ဖေဖေက သဘာဝရေကန်ကလေးဘေးတွင် တစ်ထပ်အိမ်ကလေးဆောက်ထားကာ ငါးမျှားရင်း အပန်းဖြေဖို့ဝယ်ထားသည့် အိမ်ကလေးသို့ ခမ်လေးတို့အတူသွားကြသည်။

"ဖေဖေ့ ငါးဘယ်နှကောင်ရပြီလဲ"

"နှစ်ကောင်ပဲရသေးတာသမီးရ"

"ကိုကိုရော"

"ကိုကိုက သုံးကောင်"

ကိုကိုကလက်သုံးချောင်းထောင်ပြကာ ခမ်းလေးကိုရယ်ပြသည်။ ဖေဖေကတော့ မကြည်သလို ကိုကို့ကိုကြည့်ပြီး မဲ့ပြသွားသည်။

"ဖေဖေငါးမျှားတော်တာဖေ့သမီးသိတယ်မလား"

"သိတာပေါ့ဖေဖေရဲ့"

"အွန်း...ဖေဖေရှုံးဖူးတဲ့လူတစ်ယောက်မှမရှိသေးဘူး အခုလဲဖေဖေပိုများမှာဖေ့သမီးသိတယ်မလား"

"ဟုတ် မီးမီးကဖေဖေ့ဘက်က"

"ဒါမှဖေ့သမီး"

ပူတင်းလေးက ခဏတော့အတူထိုင်ကာ ငါးမျှားသေးသည်။ နောက်တော့ပျင်းပါသည် အိပ်ချင်လှပြီဆိုပြီး ပြန်သွားရှာသည်ကြောင့် အန်ကယ်ရယ် သူရယ်သာကျန်ခဲ့သည်။

"အန်ကယ့်စိတ်ကို မင်းသိတယ်မလားငါ့တူ"

အန်ကယ့်ဘက်က လေးလေးနက်နက်စကားဆိုတော့မည်က်ို သူသိလိုက်သည်။

"ဟုတ်ကဲ့ဗျ"

"အန်ကယ့်လက်ပေါ်မှာကြီးပြင်းလာတဲ့ခလေးမလို့ မင်းစိတ်ကိုလဲအန်ကယ်သိတယ် ဒါ့ကြောင့်လဲသမီးနဲ့အိမ်ခွဲနေမယ့်ကိစ္စကိုအန်ကယ်ခွင့်ပြုတာ"

"ဟုတ်"

"သမီးက ကလေးစိတ်ကုန်သေးတာမဟုတ်ဘူး ဘယ်လိုပဲအိမ်ထောင်ကျနေပြီဖြစ်တဲ့မိန်းခလေးဖြစ်ဖြစ် အန်ကယ့်သမီးက အရွယ်ရောက်လဲ အိမ်ထောင်ရှင်မကောင်းမဟုတ်သေးတာအန်ကယ်သိတယ်"

"ဒါသမီးကို သင်ပြဖို့လိုခဲ့တာလားဆိုတော့လဲ မဟုတ်ဘူး အန်ကယ်ကိုယ်တိုင်က သမီးကိုဒီလိုအပူပင်ကင်းကင်း ဘာမှမလုပ်ခိုင်းပဲကြီးပြင်းခိုင်းခဲ့တာ အိမ်ထောင်ကျရင် အိမ်အလုပ်တွေနိုင်နင်းအောင်လုပ်ရမယ်လို့သင်ပြရမယ့်အစား သမီးပျော်သလိုနေဖို့ပဲအန်ကယ်သင်ပေးခဲ့တာ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now