အပိုင်း ၂

514 27 0
                                    

Unicode

နှစ်ပတ်ကြာပြီ ဒီနိုင်းမောင်သည် သင်ရိုးနဲ့အတူတူနေတဲ့တိုက်ခန်းကိုမပြန်တာ စကားတွေများပြီးအပြီးသတ်ခဲ့တဲ့နေ့ထဲက ဆိုပါတော့ ။ အမေ့အိမ်မှာပြန်နေရင်းနဲ့ပဲ အလုပ်ကိုလည်း အမေ့အိမ်ကနေအသွားအပြန်လုပ်ရင်းနေသည် ။ ဒီနေ့ကတော့ ဒီနိုင်းလက်ခံထားတဲ့ project တစ်ခုလည်းပြီးပြီဆိုတော့ အနားယူသည့်သဘောမျိုးဖြင့် အိမ်မှာနေနေသည် ။ နောက်ထပ် projectအသစ်အတွ က် ခဏတာခေါင်းဆေးနေတာဖြစ်တာကြောင့်အ ပြည့်အဝအနားယူရတယ်လို့လည်း မဆိုသာပါ ။

ဗန်ဒါစေ့သဏ္ဍာန်မျက်ဝန်းတွေအထက်က ဝန်းရံထားတဲ့မျက်တောင်ခပ်စိပ်စိပ်တွေရယ် ထူပိန်းပြီး သေသပ်တဲ့မျက်ခုံးတစ်စုံရယ် နှာတံချွန်ချွန် မျက် နှာကျဘဲဥသဏ္ဍန်ရှိနေပေမဲ့ ထင်းနေတဲ့jaw lineကြောင့် ကျောင်းတုန်းက ဒီနိုင်းမောင်သည် သူတို့မေဂျာရဲ့ Kingဖြစ်ခဲ့သည် ။ ညိုစိမ့်စိမ့်အ သားရည်နဲ့ ဒီနိုင်းမောင်သည် မိန်းကလေးများကြား ထဲတွင် ကျော်ကြားရုံသာမက ယောင်္ကျားလေးအချင်းချင်းအားကျချင်းကိုပါ ခံခဲ့ရသည် ။ ၆ပေ အတိရှိသော်အရပ်အမြင့်က တောင့်တောင့်ဖြောင့်ဖြောင့်သူ့ခန္ဓာကိုယ်ချပ်ချပ်နဲ့ ပနာသင့်နေ သည်မို့ မျက်စိပဒါသများစွာ ဖြစ်ရပြန်သေးသည် ။

ဒီနိုင်းမောင်က Treasure private uin ကျောင်းဆင်းဖြစ်ပြီး BArch (Bachelor of Architect ure)ဖြင့်ဘွဲ့ရထားပြီးဖြစ်ကာ ဘွဲ့လွန် MArch ( Master of Archit ecture )ပါ ထပ်ပြီးရထားသူဖြစ်သည် ။ စာလည်းတော် ရုပ်လည်းချောတာကြောင့် အများတကာအားကျမနာလိုဖြစ်ရလော က်တဲ့ထိကို ပြည့်စုံလွန်းတဲ့လူငယ်တစ်​ယောက်ဖြစ်ခဲ့သည် ။ ဒါပေမဲ့ လောကမှာ အရာအားလုံးပြည့်စုံတဲ့လူမရှိဘူးဆိုတဲ့အတိုင်း ဒီနိုင်းမောင်က ပြေလည်တဲ့မိသားစုထဲမွေးဖွားလာသူတစ်ယောက်မဟုတ်ပြန်ရာ ဒါကပထမချို့ယွင်းချက် တစ်ခုဖြစ်လာခဲ့သည် ။ ဒီနိုင်းမောင်ရဲ့အမေက ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး အသင်ပြအရမ်းကောင်းကာ ပညာရေးလောကတွေနာမည်ကြီးတဲ့ဆရာမတစ်ယောက်ဖြစ်သည် ။

အသင်အပြကောင်းမှုကြောင့်ရော ရိုးသားတဲ့စိတ် နွေးထွေးတဲ့အပြုမူများကြောင့် တပည့်များနှင့်လုပ်ဖော် ကိုင်ဖက်အချင်းချင်းများကပါ ဒီနိုင်းမောင်ရဲ့အမေ ဒေါ်သစ္စာနိုင်းကို လေးစားအားကျကြသည် ။ အမေကောင်းရသော်လည်း ဒီနိုင်း​မောင်၏ဘဝက နောက်တစ်ဖန်ထပ်ပြီး ကံမ​ကောင်းချင်းတစ်ခုနဲ့ရင်ဆိုင်ရပြန်သည် ။ ဒီနိုင်းမောင်ရဲ့အဖေ ဦးလင်းမောင်ဟာ သာမာန် ရုံးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အပြင် လက်ကြောလည်းမတင်းတဲ့သူမျိုးဖြစ်သည် ။ အဲ့ဒီအပြင်လောင်း ကစားလေးကလည်း မက်သေးသည် ။ ရိုးသားပြီးနူးညံ့တဲ့အမေက လည်လွန်းပြီး စကားပြောချိုတဲ့အ ဖေနဲ့တွေ့ဆုံမိခြင်းက အမေ့ဘဝရဲ့ကံဆိုးမှုတစ်ခုဖြစ်သည် ။ အဖေက အမေ့ကို ချစ်ပါတယ် ဒါပေမဲ့  မိသားစုအပေါ်ချစ်ပေးတာကလွဲရင် အခြားဘယ်အရာမှအားကိုးမရဘဝကိုဖြစ်သလိုနေတဲ့ယောင်္ကျားမျိုးထဲတွင်ပါသည်။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now