Unicode
မောင်က အဲ့နေ့ကအိမ်ထိ သူ့ကိုလာပို့သွားပြီး မာမီတို့နဲ့ပါ စကားပြောသွားသည်တဲ့ ဒါပေမဲ့သူလုံး၀မသိလိုက် ။ ဆေးခန်းမှာ အားဆေးချိတ်ပြီကုန်သွားတဲ့ထိ မနိုးလာခဲ့သလို မောင်အိမ်ကိုခေါ်လာတယ်ဆိုတာတွေကိုလည်း ကိုကိုပြောမှသူသိလိုက်ရသည် ။ ရင်ထဲမှာပူလောင်နေသည် မမေ့ခင် မောင်နဲ့ အဲ့အမျိုးသမီးရဲ့လက်ပွန်းတတီးနေမှုကို မြင်ထားရတာဖြစ်လို့ မောင်တို့ဆက်ဆံရေးကို သူသိချင်သည် ။ မောင်က တကယ်ကို ပြတ်သားနိုင်ခဲ့တာပဲ ဆိုပြီး တွေးမိတော့ သူ့စိတ်တွေမှိုင်တွေသွားသည် ။ ခနခနပြတ်ဆဲနေတဲ့ မောင်နဲ့သူ့ရဲ့ ဆက်ဆံရေးကြားမှာ အထုံးတွေက များလှပြီမို့ ပြန်နီးစပ်ဖို့ကလည်း လွယ်မှာမဟုတ် ။
ပထမဆုံးရင်ခုန်မိတဲ့လူ ပထမဆုံးသဘောကျမိတဲ့လူ ပထမဆုံးချစ်မိခဲ့တဲ့ တစ်ဦးတည်းသော် လူက မောင် တစ်ယောက်ထဲသာဖြစ်သည် ။ အခုချိန်ထိ ပျော်အောင် ၀မ်းနည်းအောင် စိတ်အတက်အကျတွေ ဖြစ်စေခဲ့တာလည်း မောင်တစ်ယောက်ထဲ
သာ ရှိခဲ့သည် ။ ဒီနေ့လည်း အလုပ်ကိုမသွားပဲ နားဖို့ခွင့်ယူထားတာမို့ ဒီရက်ကိုအကျိူးရှိစွာအသုံးချဖို့ရာ ရေမြန်မြန်ထချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်မဲ့အ၀တ်စား တစ်ထည်ကို ယူ၀တ်လိုက်သည် ။ ကားသော့ယူပြီးတာနဲ့ သူ ခြေဦးတည့်ရာသွားမိတာက မောင်ရှိတဲ့ ဦးကောင်းတို့ကုမ္ပဏီဘက်ကိုဖြစ်သည် ။ကုမ္ပဏီအရှေ့ဘက်ကားလမ်းမှာတင် လမ်းဘေးကိုကားခနချရပ်ပြီး သူတွေဝေနေမိသည် ၊ ဘာတွေတွေးပြီး သူဒီအထိပါရောက်လာတာလဲ မသိ။
မောင်ကသူ့ကိုမြင်ရတာ အဆင်ပြေပါ့မလား အ တွေးပေါင်းစုံနဲ့ စီယာရင်တိုင်ပေါ်ခေါင်းမှောက်ထာလိုက်မိသည် ။ သူတွယ်ကပ်နေတဲ့ပုံစံထပ်ဖြစ်မှာ ကြောက်တယ် နောက်ပြီးမောင့်အရှေ့မှာသူက မော င်မရှိလည်း အေးဆေးပါဆိုတာမျိုး ပြချင်တယ် ။ မ၀ံ့မရဲ မဟုတ်ပဲ အရင်ကလို မောင့်အရှေ့မှာ ခပ်တင်းတင်းမျက်နှာကြောတင်းတင်းနဲ့ နေချင်တယ် ။ဒေါက်!
ဘေးကကားမှန်တံခါးကို လာခေါက်သံကြောင့် လန့်သွားရတုန်းမှာပဲ အိတ်ကပ်ထဲကဖုန်းပါမြည်လာတာကြောင့် လူကထပ်လန့်သွားကာ ဂဂျိုးဂကြောင်တွေ ဖြစ်ကုန်သည် ။
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
ФэнтезиUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...