အပိုင်း ၁၅

324 16 2
                                    

Unicode


ရေးသစ်လင်္ကာမှာ အရူးမကြီးလိုပဲ ခွဲစိတ်ခန်းနှစ်ခုခြားထဲမှာ ဗျာများနေရသည် ။ ဘယ်ခွဲခန်းကိုသွားကြည့်လို့ကြည့်ရမယ်မှန်းမသိဖြစ်နေသည် ။ နောင်တတွေပြည့်နှက်နေတဲ့မျက်ဝန်းတွေနဲ့အဆုံးမှာသူမ ခြေထောက်တွေကရပ်တည်နိုင်စွမ်းမရှိတော့ပဲ မြေပြင်မှာပဲထိုင်လျက်သားလေး ပြုတ်ကျသွားသည် ။ အစကတည်း က သူမသာသတ္တိရှိခဲ့ရင် အရှက်တရားတွေမကြီးခဲ့ရင်
မာမီ့စကားကိုတော်လှန်ပြစ်နိုင်ခဲ့တဲ့မိန်းမတစ်ယောက်သာဖြစ်ခဲ့ရင် ဒီအခြေနေတွေကြုံလာရမှာမဟုတ် ။


ပထမက ကိုကို့အပေါ်မှာ ဒုတိယကအငယ်လေးအပေါ်မှာ သူမကမာမီ့ရဲ့နယ်ရုပ်ဖြစ်ပြီး မာမီ့လက်အောက်ကနေပဲ မရုန်းထွက်နိုင်ကာ သူမချစ်ရတဲ့လူတွေအားလုံးကိုနာကျင်စေခဲ့တယ် ။ ဒယ်ဒီကပြောဖူးတယ် မာမီနဲ့ပတ်သက်ပြီး ''' သမီးဟာ ချုပ်ကိုင်ခံရသူမဖြစ်စေနဲ့ ချုပ်ကိုင်ခံရတယ်ဆိုတာကိုယ်ညံ့လို့ အညံ့ခံလို့ ဖြစ်ရတာ'' တဲ့ ။ ဒယ်ဒီကဘာဖြစ်ဖြစ် ကာကွယ်ပေးမယ်ပြောထားရက်နဲ့သတ္တိမရှိတဲ့သူမကြောင့် အဓိပ္ပါယ်မဲ့တာတွေဖြစ်ကုန်ပြီ ။


နောက်ပြီး မာမီက ဒယ့်ဒီရဲ့နောက်ဆုံးသည်းခံနိုင်မှုကို ဖျက်ဆီးလိုက်ပြီဖြစ်သည် ။


သင်ရိုးလင်္ကာ တစ်ယောက် မြတ်ယိမ်းမော်ရဲ့ခွဲစိတ်ခန်းရှေ့မှာပဲ မတ်တပ်ရပ်နေမိတာ ။ ခွဲစိတ်ခန်းတံခါးဝကိုရပ်ကြည့်ရင်း ရင်ထဲစို့နင့်လာတဲ့ခံစားချက်ကြီးက ရင်ဘတ်တစ်ခုလုံးကို တင်းကြပ်အောင့်မျက်လာစေသည် ။ ကျိန်းစက်နေတဲ့မျက်ဝန်းတွေကို မှိတ်ချလိုက်တိုင်းမှာ မြင်လွှာထဲပေါ်လာတဲ့ကိုကို့ရဲ့ အပြုံးလေးတွေကလည်း နွေးနွေးထွေးထွေး ။ သူကလည်းကိုကို့ရင်ကိုစုံကန်ပြီး ကိုယ့်ဘက်ကို ကိုယ်ကြည့်ပြီး မာမီ့ဆန္ဒအရနာကျင်စေခဲ့တယ်မလား ။


သူစိမ်းတွေမပါပဲ သူတို့ကမိသားစုအချင်းချင်းအပြန် အလှန်သတ်နေကြတာ ။ စကားတွေကထက်ရင် ဓားတစ်လက်လိုပဲ လူတစ်ယောက်ကို သေစေနိုင်တယ်ဆိုတာအမှန်ပဲ ။ အတိတ်တွေကဝေဝါးဝါးဖြစ်မနေပါ လက်တွေ့မှာပဲ အတိတ်ကလုပ်ရပ်တွေကြောင့်အပြစ်အကျိုးကိုခံစားနေရပြီဖြစ်သည် ။ အပြစ်ရှိစိတ်တွေနဲ့ သင်ရိုးလင်္ကာက ကိုကို့ခွဲခန်းရှေ့မှာပဲ တစ်ချိန်လုံး မတ်တပ်ရပ်ကာစောင့်နေတာဖြစ်သည် ။


''မေတ္တာ သက်လည် ''(completed)Where stories live. Discover now