အပိုင်း ၅

440 22 0
                                    

Unicode

အဝတ်စားလဲ ရေမိုးချိုးပြီး အောက်ဆင်းလာတော့ လှေကားထစ်မှာကတည်းက အမေနဲ့ဟိုလူ့အသံကိုကြားနေရသည် ။ နောက်ပြီး အဖေလည်းပြန်ရောက်ပြီထင် အဖေ့အသံကိုပါကြားနေရသည် ။ဘာတွေများရယ်စရာပါလို့လည်းမသိ အခုလိုတွေစိတ်ရှုပ်ဖို့ကောင်းအောင် ဟိုလူကရယ်နေတာ ။

'' သားဒီနိုင်း နွားနို့သောက်လိုက်ပါဦး မင်းဆင်းလာမှာအမေကစောင့်နေတာ ။ ''

'' သား နည်းနည်း ပင်ပန်းနေလို့ဘာမှစားချင် သောက်ချင်စိတ်မရှိလို့နားတော့မယ်လို့လာပြောတာ မေမေ ၊ ဖေဖေ သားဒါဆိုနားလိုက်ဦးမယ်နော် ။ ''

တစ်ခါမှ အဲ့လူကိုခုလိုပုံစံမျိုးနဲ့မတွေ့ဖူးပါ အသက်ကြီးမှပဲများချင်နေတာပဲ ။ ဘောင်းဘီနဲ့hoodieနဲ့ ဘာစတိုင်လ်မှန်းကိုမသိတာ ဇွတ်ပဲများနေလည်းဘယ်သူမှလာမကြည့်တာ အသိပဲဟာကို အလကားစိတ်ရှုပ်စရာ ။ ဒေါ်သစ္စာနိုင်းသည် သားတော်မောင်ရဲ့မျက်နှာအနေထားနဲ့အကြည့်ကို မြင်ကတည်းက ဘယ်လိုjဝင်သွားလဲ တန်းသိသည် ။ သင်ရိုးလေးကလည်း မျက်လွှာလေးချပြီးခေါင်းငုံ့ထားလို့ ဒီကလေးနှစ်ယောက်ဘာဖြစ်လာတာလဲ သူမ မသိချင်ပါ ။ ဒါပေမဲ့ နှစ်ယောက်တစ်ကွဲတစ်ပြားဖြစ်စေမဲ့အဖြစ်မျိုးတော့ မမြင်ချင်တာတော့အမှန်​။ အများကြီး ရင်ဆိုင်ခဲ့ကြတာပဲကို တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲကြတာမျိုးမဖြစ်စေချင် ။

'' ငါ့သား မင်းလည်း ထမင်းစားပြီးတက်နားတော့လေဒါဆိုရင် ။ ''

''  သားလေး ထမင်းစားရအောင်လေအမေတို့တွေ ။ ''

''ဟို ကျွန်တော်လည်းမဆာဘူးရယ် အမေ သွားနားလိုက်တော့မယ် နောက်ပြီး ဒီနွားနို့ခွက်မောင့်အတွက်သယ်သွားလိုက်ပါ့မယ် ။ ''

'' အေး ဟုတ်ပြီ ၊ သားလေးဆာရင် အားမနာပဲထစားနော်  အမေဟင်းတွေကြောင်အိမ်ထဲမှာပဲထည့်ထားမယ် ဟုတ်ပြီလား ။ ''

'' ဟုတ် အမေနဲ့အဖေ ဒါဆို ကျွန်တော် အပေါ်တက်လိုက်ပါဦးမယ် ။ ''

လူကြီးနှစ်ယောက်ဆီကနေခေါင်းငြိမ့်ပြတာ မြင်တာနဲ့နွားနို့ခွက်ကိုယူပြီး သင်ရိုး အပေါ်ထပ်ကိုတက်လာမိတယ် ။ ပထမဆုံး မြင်လိုက်ရတာက လှေကားထိပ်ရောက်ရောက်ခြင်းညာဘက်မှာ သပ္ပါယ်လှတဲ့ဘုရားဆင်းတုတော်နဲ့ သပ်ရပ်လှပတဲ့ဘုရားစင်ကိုမြင်လိုက်ရပြီး ညာဘက်ထောင့်အစွန်းပိုင်းတွင်မောင့်အခန်းပါ ။ မောင်တို့အိမ်အသစ်ပြောင်းပြီးက တည်းက သူမရောက်ဖူးပေမဲ့ မောင်အမြဲပြောပြထားဖူးလို့ သူမှတ်မိနေခြင်း ဖြစ်သည် ။ အမြဲမောင့်အိမ်အလည်ပြန်တိုင်း သူ့ကိုလိုက်ဖို့ခေါ်သည် အ ကြောက်လွန် အတွေးလွန်ပြီးအမြဲရှောင်ဖယ်နေခဲ့မိသည် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now