အပိုင်း ၁၃

317 15 2
                                    

Unicode

'' ကျွန်တော်ပြန်ရောက်နေတာ ဒယ်ဒီသိနေတာပဲမာမီ ။နိုင်ငံခြားကcompanyက ဒယ်ဒီလက် လွှတ်လို့ရသေးတဲ့အခြေနေမဟုတ်တော့ သူ့ဘာသာနေပါစေ ။ ''

'' သားတို့ကအဆက်သွယ်ရနေခဲ့ကြတာပဲ ထွေ ထွေထူးထူးတော့ မဟုတ်ပေမဲ့ မိသားစုတွေအတူစုံစုံလင်လင်ရှိနေစေချင်လို့ပါ ။ ''

အသာယာပြုံးပြီး နူးညံ့တဲ့ စကားတွေပြောပြီး နှုတ်ကနေမိသားစုတွေဆိုတဲ့ စကားစုကိုမချတမ်းပြောနေတာကအစ မြတ်ယိမ်းမော်ကိုဒေါသထွက်စေသည် ။ ဟန်ဆောင်ပန်ဆောင်လို့ပဲ မျက်လုံးထဲမှာမြင်နေသည် ရွံစရာကောင်းတဲ့အပြုအမူ ။ အစကတည်းက မိသားစုကိုသာအဓိကထား ဦးစားပေးတတ်တဲ့မိန်းမတစ်ယော က်ဆိုရင် အခုလိုတောင်ဖြစ်နေခဲ့မှာ မဟုတ်ဘူး ။
အခုမှတစ်လောကလုံးကို နားလည်ပေးတဲ့အမျိုး သမီးတစ်ဦးနှယ်ပြောဆိုနေပုံတွေက နူးညံ့နွေးထွေးတဲ့အမျိုးသမီးဟန်ပန် ။

'' မိသားစု...အင်း မိသားစုတွေစုံစုံလင်လင်အတူရှိရမှာပေါ့ ။ ဒါနဲ့အပေါ်ထပ်က အခန်းမှာ ဘာတွေလုပ်နေတာလဲ ။ ''

'' အော် သင်ရိုးလေးအခန်းလေ အရောင်အသစ်တွေဆန်းဆန်းလေး ပြောင်းပေးချင်တယ်ဆိုလို့ ဒီနိုင်းမောင်က သင်ရိုးကိုအပြင်ခေါ်ထုတ်သွားတာ ။ ''

အပေါ်ထပ်ကိုငဲ့ကြည့်ရင်း ဒေါ်လင်္ကာဆွေ က သင်ရိုးလင်္ကာ အမေးကိုဖြေလာသည် ။ လက် ထိပ်တွေနဲ့တတောက်တောက် ထိုင်ခုံလက်ရန်းကိုဆော့ကစားနေတာရပ်လိုက်ပြီး သင်ရိုးလင်္ကာကို အခုထက်ထိ မတွေ့ရသေးကြောင်းပြောမိလိုက်တယ် ။

'' ညက သားဝင်လာတဲ့အချိန်ကလည်း နောက်ကျတယ်လေ ခရီးကပြန်ရောက်တာဆိုတော့အေး ဆေးနားစေချင်လို့ မနက်မှပဲပေးတွေ့မလို့ ။ ဟော ခုကြတော့လည်းကိုယ်တော်ချောလေးက မနက်ကတည်းက ထွက်သွားတာ အခုထိပြန်မရောက်သေးတာကြောင့်သားနဲ့မတွေ့တာနေမှာ ။ ဒေါ်မြ သင်ရိုးလေးတို့မနက်ကဘယ်အချိန်ကတည်းကသွားတာလဲ ။ ''

မြတ်ယိမ်းမော်ရဲ့အမေးကို ဖြေနေရင်းနဲ့မှပဲ မီးဖိုချောင်ထဲ ထိုင်နေတဲ့ဒေါ်မြညွှန့်ကိုလှမ်းမေးလိုက်တာကြောင့် ဒေါ်မြညွှန့်က မီးဖိုချောင်ထဲကနေခပ်သွက်သွက်ထွက်လာပြီး ဒေါ်လင်္ကာဆွေ နားရက်လိုက်ပြီးဖြေလိုက်သည်။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now