အပိုင်း ၁၁

356 17 0
                                    

Unicode


တကယ်တော့ ဒေါ်လင်္ကာဆွေ ဒီနိုင်းမောင်အိမ်ကိုရောက်မလာခင်ကတည်းက အိမ်ထဲမှာရှိနေတာဖြစ်သည် ။ သူတို့အခန်းထဲဝင်ကြပြီးသိပ်မကြာဘူးအပေါ်ထပ်ကို တက်ပြီးအခန်းအပေါက်ဝမရောက်ခင်လေးမှာပဲ ရပ်နားထောင်မိနေတာ ။ ဆက်ပြီးနားထောင်နိုင်စွမ်းမရှိစွာနဲ့ ယိုင်နဲ့နေတဲ့ခြေထောက်တွေကို လှေကားတန်းကိုအားပြုရင်း ပြန်ဆင်းလာခဲ့ရသည်။ သူမအောက်ရောက်ပြီးသိပ်မကြာဘူး အလျင်စလိုပြေးဆင်းလာတဲ့ သမီးဖြစ်သူကြောင့်အခြေနေဖောက်လာတာချက်ချင်းသိလိုက်သည် ။


သီးသန့်ခန့်ထားတဲ့ဆရာဝန်မလို့ အိမ်ဘေးမှာပဲသီးသန့်အိမ်တစ်လုံးဆောက်ပေးထားတာကြောင့် ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာနိုင်ခြင်းမျိုးဖြစ်သည်။ ဒေါ်လင်္ကာဆွေ လိုက်မကြည့်နိုင်ပါအလူးအလဲခံစားနေရတဲ့သူမသား ဝေဒနာက သူ့အသည်းညှာကိုဆုတ်ကိုင်ထားသလိုပဲနာကျင်ရသည်။ သားကသူနဲ့ပတ်သက်တဲ့ဝဋ်ကြွေးတွေကြေချင်ပြီဆိုတဲ့အကြောင်း ပြနေတာနဲ့တူပါတယ် ။ အရာအားလုံးက သူမအတ္တကြောင့်ဖြစ်လာရခြင်းတွေဖြစ်သည် ။


ဧည့်ခန်းမှာမျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ သူတို့သုံးယောက်လုံးဆီကနေ အသံထွက်မလာကြသေးပါ။ ရေးသစ်လင်္ကာ ဒီနိုင်းမောင်ကိုအပေါ်ထပ်မှာကတည်းက အစ်ကိုစိုင်းနေဇေယျရဲ့ တီရှပ်တစ်ထည်ကိုယူကာပေးဝတ်လိုက်ပြီးဖြစ်၏။ အချိန်အကြာကြီး ငိုထားတာ ကြောင့် ရေးသစ်လင်္ကာ ရော ဒီနိုင်းမောင်ရောမျက်နှာတွေရဲနေကြပေမဲ့ ဒီနိုင်းမောင်ရဲ့မျက်လုံးတွေကတော့ပိုမို့အစ်လို့နေသည် ။


'' လွန်ခဲ့တဲ့ နှစ်တွေထဲက ငါ့သားက PTSDလက္ခဏာတွေပြနေတာ ငါတို့မရိပ်မိ သတိမထားမိခဲ့တာ ။ ငါတို့ရိပ်မိနေနိုင်တဲ့အနေအထားလည်းမဟုတ်ဘူးလေ ငါတို့နဲ့အကျွမ်းတဝင်ရှိမနေတဲ့ mental disorder ဆိုတော့ ။ အခြေနေတွေအရမ်းဆိုးရွားတဲ့အချိန်မှ ငါတို့သိလိုက်တာ ။ ''


မျက်ရည်တွေလဲ့နေတဲ့မျက်ဝန်းတွေနဲ့ ဒေါ်လင်္ကာဆွေ ဒီနိုင်းမောင်ကိုကြည့်ရင်း ပြောလိုက်သည်။ ရေးသစ်လင်္ကာရော ဒီနိုင်းမောင်ရောကဆက်နားထောင်ပေးဟန် တစ်ယောက်မှအသံထွက်မလာကြသေးပါ။


''မေတ္တာ သက်လည် ''(completed)Where stories live. Discover now