အပိုင်း ၉

311 19 2
                                    

Unicode


အလုပ်ခန်းထဲမှာအလုပ်လုပ်နေရင်းမှ နာရီကိုကြည့်မိတော့ ညနေ၄နာရီဖြစ်နေပြီ ။ မနက်ကတည်းက အပြင်ထွက်သွားသူသည် အခုထိပြန်လာဖို့စိတ်ကူးမရှိသေးဘူးလားမသိ ။ ဒီနိုင်းမောင် Lattopကိုပိတ်လိုက်ပြီး အလုပ်ခန်းထဲကနေထွက်လာလိုက်သည် ။


'' အော် အမေအခုပဲဝင်လာတော့မလို့ ၊ သင်ရိုးလေးကိုဖုန်းဆက်ကြည့်ပါဦးလို့လေ ။ ''


'' ဟုတ် ကျွန်တော်လည်းဆက်မလို့ပါပဲ ။ ''


/ That should be me,holding your hand

That should be me,making you laugh

That should be me,this is so sad

That should be me

That should be me /


ဖုန်းဆက်မယ် ကျန်ကာရှိသေး ဆက်မဲ့သူဆီကနေဖုန်းဝင်လာတာကြောင့် ဒီနိုင်းမောင် အမေ့ကိုတစ်ချက်ကြည့်ပြီး ဖုန်းပြောလိုက်ဦးမယ်နော်လို့ ပြောကာအိပ်ခန်းထဲဝင်လာလိုက်သည် ။


'' ဟယ်လို ။ ''


ထိုင်ခုံမှာထိုင်လိုက်ပြီး စားပွဲခုံပေါ်လက်ချောင်းထိပ်တွေနဲ့တောက်ရင်း ဖုန်းဖြေလိုက်တော့ တစ်ဖက်ဆီကအသံကထွက်မလာသေး ။


'' ဒီနိုင်းမောင်...။ ''


ဖျော့တော့တဲ့ခေါ်သံနဲ့အတူ စိမ်းသက်စွာပြန်ခေါ်လာတဲ့အခေါ်ဝေါ် ။ ဖုန်းကိုင်ထားတဲ့ ဒီနိုင်းမောင်လက်ချောင်းတွေအနည်းငယ်တုန်ရီလာရင်း လည်ချောင်းအသံနဲ့ ''အင်း '' ဆိုပြီးပြန်ပြောလိုက်တော့ ။


'' လက်ခံတယ် ငါတို့...ငါတို့လမ်းခွဲကြရအောင် ။ ''


ရင်ထဲလစ်လပ်သွားအောင် ခံစားရစေတဲ့စကားအသံအဆုံး ဒီနိုင်းမောင် ဘာမှ မပြောနိုင်တော့ ။ ဖုန်းကိုင်ထားရင်းနဲ့ပဲ ဘယ်သူမှအသံထွက်မလာတော့ပဲ ငြိမ်သက်နေမိ၏။ စက္ကန့်အနည်းငယ်ကြာမှ...။


'' အင်း... ။ ''


နားနားကပ်ထားတဲ့ဖုန်းကိုခွာလိုက်ပြီး ဒီနိုင်းမောင်စားပွဲပေါ်ဖုန်းကိုတင်လိုက်သည် ။ ကျိန်းစပ်နေတဲ့မျက်ဝန်းတွေကို လက်ဖဝါးနဲ့ဖိအုပ်ရင်း ပါးပြင်ပေါ်စိုစွတ်လာတဲ့အထိတွေ့ ။ အကယ်၍ ဆိုတဲ့ အခြေနေမျိုးကို ဒီနိုင်းမောင်တွေးဖူးတယ် ။ အကယ်၍ သူတို့ဝေးခဲ့ရင် ၊ အကယ်၍  သူ့ကိုမချစ်တော့ရင် ဆိုတဲ့အတွေးတွေကြားအမြဲ ပြိုလဲခဲ့တယ် ။ စပြီး လက်လွှတ်ခဲ့တာသူဖြစ်ပြီး တကယ်တမ်းတစ်ဖက်လူကစွန့်လွှတ်ဖို့ရွေးတဲ့အချိန်မှာလည်း ခံစားရသူဟာ ဒီနိုင်းမောင်ကိုယ်တိုင်သာဖြစ်သည် ။


''မေတ္တာ သက်လည် ''(completed)Where stories live. Discover now