Unicode
၇ရက်မြောက် ရက်လည်
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရေးရေး လုပ်ငန်းအသိ မိတ်ဆွေအချို့ကိုသာ ရက်လည်ဖိတ်ခဲ့တာမို့ သိပ်တော့ လူများများစားစားမရှိ ။ မနက်၅နာရီ ဘုန်း ကြီးလေးပါးကို အိမ်ပင့်ကာ အာရုံဆွမ်းကပ် ၊ တရားနာဖို့ရာ အရှေ့နှစ်အိမ် အနောက်နှစ်အိမ်သာ ဖိတ်လိုက်ဖြစ်သည် ကျန်တာကတော့ မိသားစုဝင်တွေသာဖြစ်သည် ။ ရေစက်ချမယ်လုပ်တော့ မြတ်ယိမ်းမော်ရယ် သင်ရိုးလင်္ကာရယ်က ရေစက်ခွက်အတူကိုင်ပြီး ဒေါ်လင်္ကာဆွေနဲ့ ဦးမြတ်ထိန်ကိုက နောက်ထပ်ရေစက်ခွက်ကို တူတူကိုင်ရသည် ။ ရေးသစ်လင်္ကာ ဆုံးကတည်းက လင်မယားနှစ်ယောက် စကားမပြောတာသည် ရက်လည်နေ့ထိဖြစ်သည် ။
ဘုန်းကြီးလေးပါးကို ၀တ္ထုငွေ တစ်ပါး တစ်သိန်းနဲ့အတူ သင်္ဃန်းတစ်စုံဆီကို ကပ်လှူခဲ့သည် ။ မနက် ၉နာရီလောက်ကြတော့ ဧည့်သည်တွေရောက်လာတော့ မုန့်ဟင်းခါးပန်းကန်တွေလိုက်ချပေး ဟင်းရ ည်လိုက်ထည့်ပေးတာကြ စိုင်းနေဇေယျရယ် ဒီနိုင်းမောင်ရယ် ထွဋ်ခေါင်ဦးရယ်က ၀ိုင်းကာကူလုပ်ပေး သည် ။ ဦးမြတ်ထိန်ကိုကတော့ ဒိုင်ခံလာတဲ့ဧည့်သည်တွေကို စကားလိုက်ပြောပေးနေပေမဲ့ ဒေါ်လင်္ကာဆွေကတော့ အိမ်ခန်းထဲသို့သာ စောစောစီး စီး၀င်သွားသည် ။ သင်ရိုးလင်္ကာကတော့ အပေါ်ထ ပ်က မမအခန်းကိုတက်လာမိသည် ။ သူ့ထက် အိပ် ခန်းထဲကို ကြိုရောက်နေတာကတော့ မြတ်ယိမ်းမော်ဖြစ်သည် ။
" ကိုကို မနက်စာဆင်းစားပါဦး ။ "
" ရေးရေးက အိမ်မှာဒီနေ့နောက်ဆုံး နေရတော့မှာ ဒီနေ့ပြီးရင် ကိုကိုတို့အနားမှာ ရေးရေးကမရှိတော့ဘူး ။ "
ကုတင်ပေါ်မှာ ထိုင်ရင်း ၀မ်းနည်းစွာ ကိုကိုကပြောတော့ သင်ရိုးလင်္ကာဘေးမှာ ၀င်ထိုင်လိုက်သည်။ ကိုကို့ ပေါင်ပေါ်က လက်ဖ၀ါးကို သင်ရိုးလင်္ကာအုပ်ကိုင်လိုက်ပြီး ပြောမိသည် ။
" မမအတွက် အလှူတန်းတွေများများလုပ်ပေးကြမယ် ၊ ကျွန်တော်တို့တွေက သူ့ကိုဘယ်လောက်ထိချစ်ကြောင်း ကောင်းကောင်းထုတ်ပြမယ် ။ မမသွားရာ လမ်းလေးဖြောင့်ဖို့ ဘ၀ကူးကောင်းဖို့ ကျွန်တော်တို့တွေ ဝမ်းနည်းမပြပဲပို့ပေးရမယ်လေ ။ "
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasiaUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...