Unicode
ညရောက်တော့ သဲချိုဇင်သာညစာလာစားသည် မောင်မပါ ၊ ဆေးသောက်ဖို့ကို အစားမစားချင်ဘူးလို့ မောင်ကညည်းနေသည်တဲ့လေ ။ ကလေးထက်ပြောရဆိုရ လက်ပေါက်ကပ်တာ မောင်ဟာလေ ။
" ခရီးပန်းသွားပြီး အိပ်ရေးပျက်တာလည်း ပါမယ်ဖျားသွားတာ နိုင်းမောင်ကတော်ရုံဆိုဖျားတာ မဟုတ်ဘူး ။ အခုလည်းဆရာ၀န်ခေါ်ပေးမယ်ပြောတာကို ပေပေတေတေနေလွန်းသည် ။ "
သဲချိုဇင်က ညည်းညူဟန်ပြောလာသည် ၊ မောင့်အကြောင်း သူပြောသမျှကို သင်ရိုးသိသည် ။ ဖျားပြီဆိုပိုပြောရခက်ပြီး ပေပေတေတေနေတဲ့မောင် အခုလည်း ထမင်းတောင်ထွက်မစားနိုင်တဲ့ထိဖြစ်နေသည် ။ ထမင်းကစားလို့ရမှာမဟုတ် ဆန်ပြုတ်လေးပဲဖြစ်ဖြစ် အခြားအရည်သောက်လေးတော့ ၀င်အောင်စားမှဖြစ်မည် ။
" အယ် နိုင်းမောင် ဘာထွက်လာလုပ်တာလဲ ။"
ဒီနိုင်းမောင် တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေပြီးခေါင်းတွေအုံခဲလို့နေသည် ။ အရေးအကြော င်းဆို အခုလိုထဖြစ်တဲ့ကိုယ့်ကိုကိုလည်း စိတ်တိုမိသည် ။ နေမထိထိုင်မသာ ရင်တွင်းအပူတွေကြောင့်သာ အခန်းထဲ မနေသာပဲ အနွေးထည်ကောက်၀ တ်ပြီး ထလာခဲ့ရတာဖြစ်သည် ။
သူရောက်လာတော့ အံ့သြသွားဟန်မျက်လုံးနဲ့သာ ကြည့်လို့နေသည် ၊ နောက်တော့မျက်နှာလွှဲသွားတာကြောင့် ရင်ဘတ်ကအောင့်မျက်သွားသည် ။ မင်းလျစ်လျူရှုနိုင်တဲ့အပေါ်တွေမှာ နေသားတကယ်ကိုမကျပါ ။
" မသက်သာရင် ဆရာဝန်ခေါ်လိုက်မလား ဒီနိုင်း မင်းပုံစံကမလန်းတော့ဘူး ။ "
စားပွဲဝိုင်းမှာ ဝင်ထိုင်ထိုင်ခြင်းမှာပဲ ကိုနေသူအောင်က စိတ်ပူဟန်ပြောပေးလာသည် ။ ရင်ထဲမှာ မကျေနပ်နေပေမဲ့လည်း မချေမငံမဆက်ဆံမိရင် တော်ကြာ သင်ရိုးဆီက မင်းကရိုင်းလိုက်တာဆိုတဲ့ ပြစ်မှုထပ်တိုးကာအမြင်မကြည်ခံနေရမည် ။
" နင်တစ်ခုခုစားလေ ကြာဇံပြုတ်စားလိုက် ။ "
သဲချိုဇင်ပြောလာတာကို ခေါင်းခါဖို့ပြင်မိပေမဲ့ နားအနားကပ်ကာ ပြောလိုက်တဲ့စကားကြောင့် မငြင်းဆိုမိတော့ ။
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...