အပိုင်း ၁၂

377 20 0
                                    

Unicode


ဒီနေ့ ဒီနိုင်းမောင် ပထမဦးဆုံး သင်ရိုးလင်္ကာကို အပြင်ခေါ်ထုတ်သွားမည့်နေ့ဖြစ်သည် ။ ထွေထွေထူးထူး အဝေးကြီးတွေသွားမှာတော့ မဟုတ် ၊ လူငယ်တွေ dateတဲ့ပုံစံအတိုင်း ကစားကွင်းလေးဘာလေးလိုက်ပို့ပြီး စိတ်အပန်းဖြေစေချင်ရုံပါ။ အရုပ်လိုပဲနေနေမဲ့အစား အနည်းဆုံးစိတ်ပျော်ရွှင်မှုလေးပေးနိုင်ဖို့ လုပ်ပေးချင်တာ ။


အခန်းလိုက်ကာတွေကို တစ်ဖက်တစ်ခြမ်းဆီခွဲထုတ်လိုက်ပြီး အခန်းထဲ air-conပါပိတ်လိုက်သည် ။ ပြတင်းပေါက် အပြင်ဘက်ကိုကြည့်မိတော့ တစ်ညလုံးမိုးအသားကုန်ရွာထားတာထင် သစ်ရွက်တွေလည်း မြေပြင်မှာကြွေကျလို့ ။ ရာသီဥတုကလည်း အုံမှိုင်းမှိုင်းနဲ့ခပ်ညို့ညို့ရယ် ။ အေးအေးချမ်းချမ်းလေးဖြစ်နေတဲ့ အပြင်ဘက်ကိုငေးကြည့်နေရင်းမှ အနောက်ကနေ ထွက်လာတဲ့အသံကြားလို့ လှည့်ကြည့်တော့ အစ်ကိုကနိူးနေပြီဖြစ်သည်။


အိပ်ယာပေါ် အိပ်မှုန်စုတ်ဖွားလေးဖြစ်ကာ စောင်တွေကြားထဲငုတ်တုတ်ထိုင်နေတဲ့ အစ်ကို့အနား ဒီနိုင်းမောင်လျှောက်သွားပြီးကုတင်မှာ တင်ပါးလွှဲထိုင်လိုက်သည်။


'' ဆံပင်က မျက်လုံးကိုစူးတော့မယ် မျက်နှာသစ်ရင်း မောင်တို့ နည်းနည်း ညှပ်လိုက်မယ်အဆင်ပြေလား ။''


ခေါင်းကို ခါပြတာကြောင့် ဒီနိုင်းမောင် လက်လျော့လိုက်ဟန်ပြပြီး အိပ်ယာထကာစ မျက်လုံးလေးတွေဖောင်းနေတဲ့သူရဲ့မျက်နှာလေးကိုကြည့်ပြီး ဒီနိုင်းမောင် မှာ အသည်းတယားယား ။ အနည်းငယ်ပိန်သွားတာကြောင့် အရင်ကလိုတော့မျက်နှာလေးက ပြည့်မနေတော့ ။ ဘုတ်သိုက်ဂုတ်ထောက်နေတဲ့ဆံပင်လေးနဲ့ညှင်းသိုးသိုးဖြစ်နေတဲ့ပုံလေးကြောင့်လည်း ဒီနိုင်းမောင် စိတ်မကောင်းနေပါ ။


'' မောင်တို့ မျက်နှာသစ်ရအောင် ။ ''


စောင်ပုံထဲက လက်ကလေးကိုဆွဲထုတ်လိုက်ပြီး လက်ဖဝါးလေးကိုဆုပ်ကိုင်ပြီး ကုတင်ပေါ်ကနေဖြည်းဖြည်းချင်းထစေပြီး ရေချိုးခန်းထဲ ခေါ်လာလိုက်သည် ။ မှန်ရှေ့ရပ်နေတဲ့အစ်ကို့ကို သူနဲ့မျက်နှာချင်း ဆိုင်ပြန်လှည့်စေပြီး လက်ကောက် ဝတ်မှာစွတ်ထားတဲ့ခေါင်းစည်းကြိုးကို ယူပြီးအရှေ့ကဘုတ်သိုက်ကျနေတဲ့ ဆံပင်လေးတွေကိုစုကာစည်းပေးလိုက်သည်။ ရှင်းရှင်းလေး ပေါ်လာတဲ့ မျက်နှာလေးက တကယ့်ကိုအသည်းယားဖွယ်အတိ ။


''မေတ္တာ သက်လည် ''(completed)Where stories live. Discover now