Unicode
မျက်ရည်တွေဆက်တိုက်ကျလာသလို ခေါင်းကလည်းထိုးကိုက်လာသည် ဒေါ်လင်္ကာဆွေကျောပေးအိပ်ရက်နဲ့ပဲ သူမ သားလေးငိုနေတဲ့အသံကိုငြိမ်ကာနားထောင်နေမိတယ် ။ အခုတော့ သူမအမြွှာလေးနှစ်ယောက်မှာ တစ်ယောက်ကမရှိတော့ သူ့ရတနာလေးတစ်ပါးထွက်သွားအောင် သူမကိုယ်တိုင် လုပ်ခဲ့တာဖြစ်သည် ။ သမီးလေးရဲ့ အလောင်းကိုလည်း သွားမကြည့်၀ံ့ မကြည့်နိုင်တာဆို ပိုမှန်မယ် ။
ဒီနိုင်းမောင်သည် ငိုနေတဲ့သူရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီး ပါးပြင်ထက်က မျက် ရည်တွေကို လက်ချောင်းလေးနဲ့ဖွဖွလေး သုတ်ပေးလိုက်သည် ။ မျက်နှာလေးကို လက်ဖ၀ါးနှစ်ဖက်ကြား အုပ်ကာညှပ်ကိုင်ပြီး မျက်လုံးချင်းစုံအောင် ကြည့်လိုက်သည် ။ ပြန်ကြည့်လာတဲ့ မျက် လုံးလေးက ရဲနေတာကြောင့် ဒီနိုင်းမောင်မှာ စိတ်မချမ်းသာ ။ အထိတ်တလန့်ဖြစ်သွားလို့ဖြစ်ကောင်းဖြစ်မည့် သင်ရိုးလင်္ကာအသံထွက်လာသည့် ဖြစ်ရပ်အပေါ်မှာ ဒီနိုင်းမောင်၀မ်းသာမိပေမဲ့ အခုအခြေနေက ၀မ်းသာပြမိဖို့မသင့်သေးဘူးမလား ။
မောင့်မျက်၀န်းတွေထဲမှာ သူ့အတွက်ဝမ်းနည်းတာပဲမြင်နေရသည် အခြားဘာအရိပ်အယောင်မှ မရှိ ။ ဖြစ်ရပ်မှန်ပေါ်သွားပြီမို့သူကြောက်နေပေမဲ့လည်း မောင်ကတော့ ဘာမှမဖြစ်သည့်အလား သူ့ကိုသာစိုးရိမ်စိတ်ပိုနေတဲ့ပုံကြောင့် ပို၀မ်းနည်းလာမိသည် ။ မောင်နဲ့မျက်နှာချင်းဆိုင်ရင်းမှ ခေါင်းငဲ့ကာကြည့်မိတော့ မာမီကမလှုပ်မယှက်ဖြင့်နောက်ကျောပေးကာ အိပ်နေသေးသည် ။ ဒီအခြေနေမှာတော့ မာမီကအိပ်ပျော်နေဖြင့်ခဲ့ရင်တောင် နှိုးလှပြီမှတ်လား ။ အခုအချိန်မှာ မာမီ့စိတ်ခံစားချက်ဘယ်လိုတွေ ဖြစ်နေမလဲ ကိုယ်ချင်းစာကာ မတွေးတတ်ပေမဲ့ သင်ရိုးလင်္ကာ မာမီ့ကို နှစ်သိမ့်ပေးနိုင်စွမ်းရှိမနေပေ ။ ဒီအခြေနေတွေဖြစ်အောင် ဖန်တီးခဲ့သူက မာမီဖြစ်ပြီး အခုမှ ဝမ်းနည်းပြနေတဲ့မာမီ့ကို စိတ်တိုဒေါသထွက်လွန်းသည် ။ ဒီအခန်းထဲမှာ တစ်စက္ကန့်လေးတောင် သင်ရိုးလင်္ကာ ခြေချပြီး မနေချင်တော့ပါ ။
" မောင် ငါကိုကို့ဆီကို သွားချင်တယ်...။ "
" အင်း မောင်လိုက်ပို့ပေးမယ်နော် ။ "
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
خيال (فانتازيا)Unicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...