အပိုင်း ၁၆

406 19 4
                                    

Unicode


ဒီနိုင်းမောင် ဆေးရုံကိုရောက်တာနဲ့ ဦးစွာပဲ သင်ရိုးလင်္ကာရှိမဲ့ ကိုမြတ်ယိမ်းမော်ရဲ့အခန်းကိုပဲ သွားလိုက်သည် ။ ဒေါ်လင်္ကာဆွေအခန်းမှာသွားပြီး လူနာသွားမေးခြင်းမမေးခြင်းကလည်း ကီးမကိုက်လို့မဟုတ်  သူသွားမေးလည်း ဘာမှထွေထွေထူးထူးပြောင်းလဲသွားခြင်းမျိုးမရှိ ။ ကိုထွဋ်ခေါင်ဦးကို မေးလိုက်တော့လည်း ဒေါ်လင်္ကာဆွေက အထိခိုက်နည်းပြီး ကိုမြတ်ယိမ်းမော်ကသာစိုးရိမ်နေရတဲ့ပုံစံမျိုးနဲ့ပြောနေတာကြောင့်လည်းပါတယ် ။

အခန်းရှေ့ရောက်တော့ တီးတိုးစကားပြောသံတစ်ခုကိုကြားနေရတာနဲ့ ဒီနိုင်းမောင်ရော ထွဋ်ခေါင်ဦးပါ အခန်းတံခါးဖွင့်ဝင်မဲ့လက်တွေ တွန့်ဆုတ်သွားမိသည် ။ အ သိပေးဟန် တံခါးခေါက်လိုက်ပြီးမှ ထွဋ်ခေါင်ဦးကအရှေ့ကနေဦးဆောင်ပြီး တံခါးကိုဖွင့်လိုက်သည် ။

'' ကိုစိုင်းနေဇေယျပါလား ရောက်နေတာကြာပြီလား။''

'' မကြာသေးပါဘူး ၊ သင်ရိုးလင်္ကာနဲ့အန်ကယ်က ဒေါ်လင်္ကာဆွေရဲ့အခန်းမှာရှိနေကြတယ် ။ ''

ထွဋ်ခေါင်ဦးယူလာတဲ့အထုပ်ပိုးတွေကို နေရာချနေရင်းနဲ့ပဲ စိုင်းနေဇေယျပြောနေတာကိုနားထောင်လိုက်သည် ။ ဒီနိုင်းမောင်လည်း လွယ်လင့်တကူပဲဧည့်သည်တွေထိုင်လို့ရတဲ့ ဆိုဖာမှာပဲအကျအနဝင်ထိုင်လိုက်သည် ။ သူနဲ့ကိုစိုင်းနေဇေယျကမရင်းနှီးတဲ့အခြေနေမှာပေမဲ့ အခုကြည့်ရတာတော့ ဒီလူကသူနဲ့တူညီတဲ့ခံယူချက်တစ်ခုရှိပုံပေါ်သည် ။ ဒေါ်လင်္ကာဆွေကို ကြည်နေပေါက်မပုံတဲ့ပုံစံ ဖြစ်နေတဲ့အပြင် ယောက်ဖဆက်ဆံရေးဖြစ်နေရမဲ့ အနေထားမှာထူးဆန်းမှုလေးတစ်ခုတော့ထင်းထွက်နေသည် ။

'' အစ်ကို အန်တီ့အတွက် အဝတ်အစားထုပ်သွားပေးဦးမယ် ၊ နောက်ပြီးတာနဲ့အစ်ကို့ဆေးရုံဘက် တန်းသွားရမှာမလို့ ပြန်မလာတော့ဘူး နော် ။ အစ်ကို ကျွန်တော် သွားပြီ ။ ''

ထွဋ်ခေါင်ဦးထွက်သွားသည်နှင့် သူတို့အခန်းကတိတ် ဆိတ်မှုတွေ လွှမ်းခြုံသွားသည် ။ ဒီနိုင်းမောင်လည်း အနေရခက်စွာနဲ့ပဲ တိတ်ဆိတ်စွာ နေနေမိတယ် ။ ကုတင်ဘေးကခုံပေါ်မှာ ထိုင်နေတဲ့ စိုင်းနေဇေယျဆိုတဲ့လူကလည်း ကိုမြတ်ယိမ်းမော်ကိုသာ မျက်တောင်မခတ်တမ်းကြည့်နေခဲ့တယ် ။ တကယ့်ကိုတယုတယနဲ့ကြည့်နေတဲ့ပုံစံ မဟုတ်မှလွဲရောဆိုတဲ့အတွေးတွေနဲ့ ဒီနိုင်းမောင် အံ့သြမှင်တက်သွားရသည် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now