အပိုင်း ၁၈

208 10 2
                                    

Unicode

ဒေါ်မြညွှန့်ကိုအားနာပေမဲ့ မသွားလို့ကလည်းမဖြစ်နေတာမို့ ဒီနိုင်းမောင် အောက်ထပ်ကအခန်းတံခါးကို ခေါက်ပြီး အနားယူချိန်ကို နှောင့်ယှက်မိသွားသည် ။ ဒီနိုင်းမောင် တံခါးခေါက်လိုက်တာနဲ့ကပြာကယာထွက်လာတဲ့ ဒေါ်မြညွှန့်က တစ်ခုခုကိုစိုးထိပ်သွားသည့်နှယ် ။ လူကြီးတစ်ယောက်လည်းဖြစ်နေတာမလို့ ညကြီးမင်းကြီးမှာ ဖြစ်သွားတဲ့အကြောင်း အရာအမှန်ကိုတော့မပြောနိုင်ပါ အိပ်မရတာတွေဖြစ်နေမှာဆိုးသည် ။

" ဘာဖြစ်လို့လဲ သား ။ "

" ကျွန်တော် ကိုစိုင်းနေ အကူညီတောင်းလို့ ဆေးရုံဘက်ခန ခြေဆန့်ရမယ် အဲ့ဒါ အစ်ကိုကအပေါ်ထပ်မှာအိပ်နေပြီဆိုတော့ မပြောခဲ့လိုက်မိဘူး ။ အကယ် ၍ မနက်နိူးလာလို့ကျွန်တော်ဘယ်သွားလဲ မေးလာခဲ့ရင်လေ အလုပ်ကိစ္စနဲ့အလောတလျင်ထွက်သွားတယ်ပဲပြောပေးပါ ။ "

" ဟုတ်ပါပြီ ကြီးမြပြောပေးမယ်နော် သား ၊ ဂရုစိုက်မောင်းပြီး ဆေးရုံမှာတစ်ခုခုလိုအပ်ရင်လည်း ကြီးမြကိုအကူညီတောင်းနော် သား ။ "

" ဟုတ် ကျွန်တော် ကြီးမြနားနေတာကိုအနှောင့်အယှက်ပေးမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ။ သွားလိုက်ပါဦမယ်  ။ "

အလုပ်သမားတစ်ယောက်နဲ့မတူအောင် သူမကို ဆက်ဆံပြောဆိုသွားတဲ့ အစ်ကိုလေးဒီနိုင်းမောင်က တကယ့်ကို ယဥ်ကျေးတဲ့ကလေး ။ စတွေ့တဲ့အချိန်ကနေ အခုထိကိုသူမလို လူကြီးသူမတစ်ယောက်အပေါ်ကို ကောင်းကောင်းမွန်မွန်မခွဲခြားပဲ ဆက်ဆံတာမလို့ ပိုပြီးလေးစား ချစ်ခင်ရပါတယ်။ သခင်လေးအပေါ်လည်း သိပ်ချစ်ပြီး သံယောဇဥ်ကြီးတဲ့ကလေး ထားရာနေ စေရာသွား သခင်လေးသဘောကိုသာ လိုက်ခဲ့တာ ။ သခင်လေးအခုလိုဖြစ်သွားတော့လည်း သနားစရာကောင်းအောင်ထိကိုနာကျင်နေပြီး ချစ်နေတာကြောင့် သူမမှာအံ့သြရပြန်သည် ။ မေတ္တာတွေကြီးမားပုံများ မေတ္တာအပြည့်ရထိုက်တဲ့သူက ဘာတွေလုပ်လုပ်ကို အပြည့်ရနေတော့တာ ။ ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူလို့မရဘူးဆိုတာ အမှန်ကို ။

ဆေးရုံရောက်တော့ ဒီနိုင်းမောင် ဦးစွာ ဒေါ်လင်္ကာဆွေအခန်းကိုပဲ အရင်တက်လာလိုက်ပြီး အခန်းတံခါးကို ခေါက်၀င်လာလိုက်သည် ။ အခန်းထဲကအခြေနေကတိတ်ဆိတ်လွန်းလှကာ အနေထားတွေကဆိုးရွားလှ၏ ကုတင်ပေါ်မှာ ဒေါ်လင်္ကာဆွေကတော့ ဆံပင်တွေဖရိုဖရဲကျနေကာ မျက်နှာတစ်ခုလုံးရဲတွတ်ပြီး မျက်ရည်တွေအပြည့် ။ ဆိုဖာမှာထိုင်နေတဲ့ယောင်္ကျားသားနှစ်ဦးရဲ့ မျက်နှာမှာလည်းရဲတွတ်လို့ ။ ဦးမြတ်ထိန်ကိုကတော့ အံတင်းတင်းကြိတ်ရင်း ပါးပြင်ထက်မှာလည်း မျက်ရည်စတွေ ။ တိတ်ဆိတ်ကာ ပျက်ဆီးနေတဲ့အခြေနေအတွင်း ရောက်သွားသူက ဒီနိုင်းမောင် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now