အပိုင်း ၁

1.1K 35 0
                                    

Unicode

၂၀၁၉ခုနှစ် ၊ ဇူလိုင် ၂၀ရက်

'' ကိုယ်ပြောတာ မင်းနားထောင်ပေးလို့မရဘူးလား ဒီနိုင်း ရာ ''

လှည့်မကြည့်လာတော့တဲ့ တစ်ဖက်လူကို အရူးတစ်ယောက်လိုပဲ သင်ရိုးလင်္ကာ ပြောနေမိတယ် ။ စိတ်တွေရှုပ်လွန်းလို့ ထိုင်ငိုချင် စိတ်ပါပေါက်တယ်။ ဒီနိုင်းနဲ့သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုဖြစ်လို့အခုအခြေနေထိဖြစ်သွားလည်း သင်ရိုး မစဥ်းစားတတ်တော့ပါ ။ ဒီအခြေနေကိုသူရင်မဆိုင်ချင်သလို ဖြေလည်းမဖြေရှင်းတတ်ပါ ။

'' ကိုယ့်ကို အဖက်လုပ်ပါဦး ဒီနိုင်း ။ ''

ခယပြီးပြောနေတာတောင် ဒီနိုင်းဟာ သင်ရိုးကိုလှည့်မကြည့်လာသေးပါ ။ ပြတင်းပေါက်ဘက်ကိုသာ ကြည့်ပြီး ခါးထောက်ရပ်နေတဲ့ ဒီနိုင်းလ က်မောင်းကိုသာဆွဲကိုင်လိုက်ပြီး မျက်နှာချင်း ဆိုင်အနေထားတစ်ခုကိုဖန်တီးမိတော့ ဒီနိုင်းရဲ့မျက်ဝန်းသေတွေက မဖိတ်ခေါ်ပဲ သင်ရိုးမျက် လုံးထဲဝင်ရောက်လာတယ် ။ လက်မောင်းကိုကိုင်ထားတဲ့ သင်ရိုးရဲ့လက်တစ်စုံက ဆုပ်ကိုင် ထားနိုင်ခြင်းတောင်မရှိတော့ပဲ ချိနဲ့စွာပြုတ်ကျသွားကာ ။

'' စိတ်ကုန်နေပြီ ဆိုတဲ့အဓိပ္ပါယ်ကိုခင်ဗျားနားလည်လား ။ ''

သင်ရိုးဘက်က စကားထပ်ထွက်မလာခင်မှာပဲ ဒီနိုင်းနှုတ်ကနေထွက်ကျလာတဲ့စကားတစ်ခွန်းက နှလုံးသားကို ဦးတည်ပြီးရိုက်ချက်ပြင်းပြင်းကျရောက်လာ​ ပြန်သည် ။ တုန်ရီနေတဲ့လက်တွေကို အားပြုရင်း လက်ညိုးနဲ့ နှာခေါင်းထိပ်နားထိလျှောကျချင်နေတဲ့ မျက်မှန်ကို ပင့်တင်လိုက် ကာ  ။သင်ရိုးနှုတ်ခမ်းပါးကနေအပြုံးမမည်တဲ့ အပြုံးတစ်ခုကိုဖန်တီးရင်း....။

'' မောင် စိတ်တွေရှုပ်နေလို့မလား ဒါဆိုလည်း နားလိုက်ဦး ၊ စိတ်အေးသွားတော့မှ မောင်နဲ့ကိုယ် စကားပြန်ပြောကြမယ်လေ နော် မောင် ။ ''

'' ထပ်ပြီးနှိပ်မဆက်ပါနဲ့လား ဟမ်! ကိုယ့်ကျင့်တရားနဲ့သိက္ခာကို သိပ်တန်ဖိုးထားလှပါချည်ရဲ့ဆိုတဲ့ ကိုသင်ရိုးလင်္ကာက အခုဘယ်ဆီရောက်သွားပြီလဲ ။ ''

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now