အပိုင်း ၂၃

230 9 2
                                    

Unicode

ဒီနိုင်းမောင်ခေါင်းတွေအုံခဲကာ နိုးလာခဲ့သည် ၊ ပထမဆုံးသူ မှတ်မိတာ မျက်လုံးတွေမမှိတ်ခင်မြင်လိုက်ရတာ သင်ရိုးလင်္ကာကိုမလား ။ အိမ်ရောက်နေတာက သူ့ကို သင်ရိုးလင်္ကာ လာပို့ပေးထားခြင်းပေါ့ ။ အဝတ်စားကိုလည်း ကာယကံရှင်မသိပဲ သူ့စိတ်ကြိုက်လဲပေးထားတဲ့လူကြောင့် ဒီနိုင်းမောင် မျက်ခုံးနှစ်ခုဆုံရပ်တွင် အရေးပြားတွန့်ရာလေးထင်လာသည် ။ စောင်ကိုဖယ်ပြီး ရေချိုးခန်းထဲ၀င်ကာရေမိုးချိုး မျက်နှာသစ်သွားတိုက်ပြီး ရေချိုးခန်းထဲကနေ ပြန်ထွက်လာလာခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နှာခေါင်းသွေးပါလျှံချင်သွားသည် ။

" အော် နိူးလာပြီပဲ ။ "

သင်ရိုးလင်္ကာ မနက်၇နာရီလောက်ထဲက နိုးနေတာဖြစ်ပြီး အိပ်ရာကနေမထသေးပဲ ဆယ်မိနစ်လောက်ထိ မောင့်ကို ငေးကြည့်နေမိသေးသည် ။ ပြီးတော့မှ နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်နေတဲ့ မောင့်နှဖူးကိုနမ်းကာ ရေချိုးခန်းထဲ၀င်ပြီး ရေမိုးချိူး မောင့်အ၀တ်စားထဲက တီရှပ်တစ်ထည်နဲ့ ဘောလုံးဘောင်းဘီလေးတစ်ထည် ယူ၀တ်လိုက်သည် ။ ကျန်တဲ့ဘောင်းဘီဆိုလည်း တော်မှာ မဟုတ်နေတာနဲ့ အဲ့ဘောင်းဘီလေးပဲ ယူ၀တ်လိုက်တာဖြစ်သည် ။ ပြီးတာနဲ့အောက်ထပ်ဆင်း အမေစျေးသွားတာကြုံတာနဲ့ အမေနဲ့စျေးလိုက်၀ယ်ပေးပြီး ဟင်းစားကြသူမကိုင်တတ်တာနဲ့ သုသုနဲ့သာထားခဲ့ပြီး အပေါ်ပြန်တက်လာတော့ ရေချိုးခန်းထဲမှာ မောင်ကရေချိူးလို့နေပြီ ။

ရေချိုးခန်းထဲက ထွက်လာတာနဲ့ လူကိုရန်လိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့မောင့်ကြောင့် လောကွတ်ချော်ကာ မေးလိုက်တော့ မျက်မှောင်ကြီးကျုံ့နေတာကြောင့် ။

" မင်း အမြဲတမ်းမျက်နှာက ဆယ့်နှစ်ရာသီစူပုတ်နေတာလား မနက်မိုးလင်းကြီးတောင် မသာမယာရုပ်နဲ့ ဖြစ်နေတာ မကောင်းဘူးနော် ။ " ဆိုပြီး
ပြောလိုက်တော့  ။

" အဲ့ဘောင်းဘီ ဘာလို့၀တ်ထားတာလဲ ။ "

မေးတာမဖြေပဲ သူ့အ၀တ်စားကို ယူ၀တ်ထားတာကြောင့် မကြိုက်သလိုနှယ်ပြောနေတာနဲ့ စိတ်ကအချဥ်ပေါက်သွားသည် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now