Unicode
မစိမ်းသက်တဲ့ အိမ်ဖြူကြီးကို ကားရှေ့ခန်းမှာပဲထိုင်နေတာကြောင့် အဝေးကတည်းက လှမ်းမြင်နေရသည်။ အမြင့် ၈ပေလောက်မြင့်တဲ့ သံဗန်းတံခါး ခဲရောင်ရှေ့ရောက်တာနဲ့ ကားကိုရပ်ပြီး ဟွန်းတီးလိုက်တာကြောင့် ခပ်သုတ်သုတ်ထွက်လာကာ ခြံတံခါးပြေးဖွင့်တဲ့လူက ဆယ်ကျော် သက်အရွယ်ပုံစံလေးဖြစ်သည် ။
ခြံစောင့်ပြောင်းသွားတာလားမသိ ခါတိုင်း အဘိုးဦးသောင်း မဟုတ်တော့ ။ တံခါးတဖြည်းဖြည်းပွင့်သွားတာနဲ့ တလှိမ့်လှိမ့်ခြံထဲမောင်းလာတဲ့ကားထဲမှာ ဒီနိုင်းမောင် ရော ရေးသစ်လင်္ကာရောက တိတ်ဆိတ် စွာ ။ ဘာကိုမှမမေးဖြစ်သလို ရှုခင်းကိုသာကြည့်လာမိတာ တစ်လမ်းလုံးပင်။ခြံထဲနဲ့ အိမ်ကအတော်အလှမ်းဝေးသေးပြီး လမ်းဘေးတစ်ဖက်တစ်ချက်မှာ နေကြာပန်းတွေသာစိုက်ထားတာက အတော်လှသည်။
ဆင်ဝင်အောက်ကားစက်သတ်ပြီးတာနဲ့ ဒီနိုင်းမောင်ခါးပတ်ကိုဖြုတ်လိုက်ပြီး ရေးသစ်လင်္ကာ ဘက်ကိုလှည့်ကြည့်လိုက်သည် ။
'' ဘာကိစ္စမှန်း ဂဃနဏမသိပေမဲ့ ငါလိုက်လာပေးခဲ့တယ် ၊ နင်တို့ဘက်ကအခြေအမြစ်မရှိတဲ့စကားတွေငါနားထောင်ဖို့လိုက်လာတာ မဟုတ်ဘူး ဆိုတာကြိုအသိပေးချင်တယ် ။ ငါ့ကိုစိတ်ရှုပ်စရာမပေးဖို့တော့ငါပြောချင်တယ် ။ ''
ရေးသစ်လင်္ကာက ဒီနိုင်းမောင်ကို ခေါင်းသာအသာငြိမ့်ပြပြီး ကားပေါ်ကနေအရင်ဆင်းသွားသည်။ ဒီနိုင်းမောင်လည်း လိုက်ဆင်းပြီး ရေးသစ်လင်္ကာခေါ်ရာ အိမ်ထဲကိုပဲ ဘေးယှဥ်ရပ်ပြီးလိုက်ဝင်လာခဲ့လိုက်သည်။ အရင်ကလိုပဲ မပြောင်းတဲ့ဧည့်ခန်းအပြင်ဆင်နဲ့အတူ အလုပ်သမားအမျိုးသ မီးများက တစ်အိမ်လုံးကိုတိုက် ချွတ်နေကြတာ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်တွေ့လိုက်ရသည် ။
အိမ်ထဲရောက်ရင် မတွေ့ချင်တဲ့ ဒေါ်လင်္ကာဆွေနဲ့မျက်နှာချင်းဆိုင်တွေ့ရမယ် ထင်ထားတာ ။ တော်ပါသေးတယ် မတွေ့ရပဲ အေးအေးဆေးဆေးဖြစ်ရလို့ ။ အပေါ်ထပ်ကိုတက်လာပြီး အခန်းသုံးခန်းလောက်ကိုကျော်ပြီးမှ ထောင့်စွန်းဘက်အခြမ်းကအခန်းရှေ့နားရောက်မှ ရပ်လိုက်ပြီး တစ်လမ်းလုံး စကားအပိုမပြောလာခဲ့တဲ့ ရေးသစ်လင်္ကာက စကားစပြောလာသည်။
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...