PTSD note

161 5 0
                                    

Unicode

Author 's note - ဦးစွာပြောချင်ပါတယ် PTSDဆိုတာဘာလဲ mental disorder ဆိုတာဘာလဲဆိုပြီးမသိတဲ့သူတွေအတွက်ပြန်လည်ကောက်နုတ်ပြီးဖော်ပြထားပေးခြင်းဖြစ်ပါတယ် ။ စာတွေကရှည်ပေမဲ့အလွယ်တကူနားလည်လောက်အောင်တော့သေချာရေးပေးထားပါတယ် ။ သင်ရိုးလင်္ကာရဲ့ရောဂါကိုဂဃနဏသိရအောင်ပါ။

ကိုယ်တိုင်ကြုံတွေ့ရတဲ့ ထိခိုက်မှု(သို့) အန္တရာယ်ရှိတဲ့ ဖြစ်ရပ်ဆိုးတစ်ခုခု ကြုံတွေ့ရမှုရဲ့ နောက်ဆက်တွဲကနေတစ်ဆင့် ခံစားမှု(သို့) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်လာပြီး PTSD လို့ အတိုကောက်ခေါ်တဲ့ ထိခိုက်မှုအပြီးဖြစ်တတ်တဲ့စိတ်ရောဂါ (Post-Traumatic Stess Disorder) ဖြစ်လာနိုင်ပါတယ်။ဒီလိုအခြေအနေဟာ ဆိုးဆိုးရွားရွား စိတ်ထိခိုက်မှု၊ ပြင်းပြင်းထန်ထန်အန္တ ရာယ်ဖြစ်ရပ်တစ်ခုခု၊ မမျှော်လင့်ဘဲအသက်အန္တရာယ်ရှိတဲ့အခြေအနေ စသဖြင့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး လူနာ(သို့) ၎င်းတို့အနီးမှာရှိသူ တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။

ဥပမာအနေနဲ့ မိသားစုဝင်တစ်ဦး ကိုဆုံးရှုံးလိုက်ရချိန်မှာ ကျန်တဲ့ မိသားစုဝင်များအတွက် ကြီးမားတဲ့ပူဆွေး ဝမ်းနည်းမှုတွေနဲ့ကျန်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဒီလိုမျိုးပူဆွေးသောကတွေဟာ အရမ်းပြင်းထန်ပြီး ခံစား ရသူအတွက် ဖြစ်ခဲ့တဲ့အကြောင်းတရားကို လက်မခံနိုင်ဘဲ ဆောက်တည်ရာ မရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ထိခိုက်မှုဖြစ်ရပ်များမှတစ်ဆင့် စိတ်ဖိစီးမှုတွေဖြစ်လာပါတော့တယ်။

ထိခိုက်မှုအပြီးဖြစ်တတ်တဲ့စိတ်ရောဂါ (PTSD)လက္ခဏာများ ဟာ အသက်အရွယ် မရွေး၊ ကျား မ မရွေး ထိခိုက်မှုရှိစေပါတယ်။ ဒီလိုမျိုး လက္ခဏာတွေဟာ နောက်ဆက်တွဲအခြေအနေပုံစံ(၄)မျိုး မှာ ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်။

၁ ။အသစ်တစ်ဖန်ပြန်လည်ကြုံတွေ့ရခြင်း

၂ ။ရှောင်ဖယ်ခြင်း

၃။အသိအမြင်နှင့်စိတ်ကိုအဆိုးဘက်သို့ပြောင်းလဲခြင်း

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now