Unicode
မျက်ဝန်းတွေမှိတ်ချထားပြီးရပ်နေတဲ့ သင်ရိုးလင်္ကာရဲ့ပုံစံသည် ဘာမှ ကြောက်ရွံ့ခြင်းမရှိ သေဖို့ ဆုံးဖြတ်ထားတဲ့လူတစ်ယောက်လိုဖြစ်နေတာကြောင့် ဒီနိုင်းမောင်ရင်ထဲထိတ်လန့်မိနေသည် ။ မှီမှာပါ ....မှီမှာပါ ကားတစ်စီး အလင်းရောင်ဟာ ကွေ့ကြောမှာရပ်နေတဲ့သင်ရိုးလင်္ကာကိုယ်ပေါ်သို့ကျရောက်နေပြီ ။ သူပြေးလာတာကိုမမြင်ဘူးလား မျက်လုံးနည်းနည်းဖွင့်ကြည့်ပါဦး ဒီလိုဇာတ်သိမ်းမျိူးလိုချင်ခဲ့တာမဟုတ်ပါ ။ကွေ့ကြောမှာရပ်နေတာကားတွေရပ်လို့ရမှာမဟုတ်ဘူး ဒီနိုင်းမောင်ရင်တွေတလှပ်လှပ်ဖြစ်လာသည် ။
'' အချစ်!! ဟာကွာ ။ ''
မမြင်ရက်စွာ ဒီနိုင်းမောင်မျက်နှာကိုလွှဲပြစ်လိုက်မိပြီးမှ ကားသမားရဲ့ဆဲသံတွေနဲ့အတူ တရကြမ်းကားပြန်မော င်းထွက်သွားတဲ့ အသံကြောင့် အရှေ့ကို ပြန်ကြည့်မိတော့ မြေပြင်ပေါ်မှာလူတစ်ယောက်နဲ့အတူ လဲကျနေတဲ့ပုံကိုမြင်လိုက်ရသည် ။ အမြန်ပြေးသွားကာ လဲကျနေတဲ့ သူကိုပေါင်ပေါ်ပွေ့ကာတင်လိုက်သည်။
'' ကံသီပေလို့ပေါ့ ဂရုစိုက်လိုက်ဦး ငါ့တူ။ ဦးလေးသာ အချိန်မှီမဆွဲနိုင်ခဲ့ရင်မတွေးရဲစရာပဲ။ ''
'' ကျေးဇူးပါ ဦးလေး ၊ ဘယ်နားများထိခိုက်သွားသေးလဲဦးလေး ကျွန်တော်ဆေးခန်းလိုက်ပို့ပေါ့မယ်။''
''ရတယ် ငါ့တူ နည်းနည်း ပွန်းပဲ့သွားရုံပါ ၊ ဦးလေးလ ည်းသွားစရာရှိလို့ သွားဦးမယ် ။ ''
ပေါင်ပေါ်မှာ တင်ထားတဲ့သူဆီကနေ အခုထိအသံကထွက်မလာသေးပါ မိုးရေကြောင့်အေးစက်နေတဲ့ပါးပြင်ကိုအုပ်ကိုင်လိုက်ပြီး ။
'' ခင်ဗျား ရူးနေတာပဲ တကယ်ကိုရူးနေတာ ၊ ဘာလို့ အခုလိုအတွေးမျိုးဝင်ရတာလဲကွာ!!။ ''
မချိတင်ကဲ ဒီနိုင်းမောင် အော်ကာပြောဆိုမိပြန်တော့ အစ်ဖောင်းနေတဲ့မျက်လုံးတွေနဲ့ ဒီနိုင်းမောင်ကိုကြည့်လာသည်။
နောက်တော့ မျက်နှာထပ်လွှဲကာ ဒီနိုင်းမောင်ကျောဘက်ကို ကြည့်လာတာကြောင့် ဒီနိုင်းမောင်အ နောက်လှည့်လိုက်တော့ ရေးသစ်လင်္ကာ လာရပ်နေတာကိုတွေ့လိုက်ရသည်။
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasiUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...